Season 2: Part 54

3.9K 123 13
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season-2,[Episode - 54]

ကလေးပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပေးနေရင်း လက်တွေကသာလှုပ်ရှားနေတာစိတ်ကကိုယ်နဲ့မကပ်ဖြစ်နေရ၏။

"ပန်းလေး ပြီးပြီလား"

အခန်းထဲဝင်လာသည့်ဒေါ်မြတ်ထွဋ်ခေါင်ကသတင်းအခုထိမပြီးသေးတာကိုမြင်တော့ ကုတင်ပေါ်ဘေးတစောင်းဝင်ထိုင်လိုက်ကာ အဝတ်ခေါက်ကလေးတွေကို သားရေအိတ်လေးထဲကူထည့်ပေးသည်။

"ကြာနေလို့တက်လာတာ မူကြိုကကလေးကိုသူ့ဘိုးဘိုးကြီးသွားကြိုတာတောင်ပြန်ရောက်တော့မယ်"

"သတင်း မိုချီလေးကိုအပြီးပေးပစ်လိုက်ရမလိုခံစားရတယ်တီမြတ်ရယ်"

လတ်စသတ်တော့ ပစ္စည်းထည့်ပေးရင်းအချိိိန်ဆွဲနေရှာတာကို။ ကလေးအမေလေးသာဖြစ်သွားတာ ပန်းလေးဆိုတာသူမတို့အတွက်တော့ထာဝရကလေးငယ်ပဲဖြစ်လေသည်။ သူမလေးခံစားနေရတာကိုနားလည်သလို မောင်ထွဋ်စီစဉ်လိုက်တာလည်းကျိုးကြောင်းဆီလျော်တာကြောင့် ဒေါ်မြတ်ထွဋ်ခေါင်အသာကြည့်နေခဲ့တာပါ။ တကယ်ဆို သမီးယောက္ခမတော်ဖူးတဲ့နှစ်ယောက်က တံစောင်းစည်းနဲ့မျက်ချေးလိုမတည့်ကြသူတွေ။ တစ်ယောက်ကိုတစ်ယောက်ထိုးကြိတ်ရန်စောင်ရမယ့်အစား ကလေးမျက်နှာနှင့်ဒီလိုနည်းလမ်းကိုရွေးခဲ့ကြတာပဲကျေးဇူးတင်ရဦးမည်လေ။

"အကြာကြီးခွဲရမှာမှမဟုတ်ပဲကွယ် မြေးလေးပြန်လာရင်ပန်းလေးကမျက်နှာညိုနေလို့မဖြစ်ဘူးဆိုတာသိတယ်မို့လား"

"ဟုတ် သတင်းသိပါတယ် အာ့တာကြောင့်လည်းမငိုမိအောင်ထိန်းထားတာပါ"

သဲတယ်ကဲတယ်ပဲပြောပြော သမီးလေးနဲ့သတင်းကတစ်ညလေးတောင်ခွဲမအိပ်ဖူးတာကို တစ်လဆိုတဲ့ကာလကြီးဘယ်လိုဖြတ်ကျော်ရပါ့မလဲ။

"မိုချီ‌ေလးကမခွဲနိုင်မှာပဲစိုးတာပါ"

"တီမြတ်မြေးက သူ့ကိုမြင်ရင်ဒယ်ဒီဆိုတာပါးစပ်ဖျားကမချတော့ဘူး သတင်းနဲ့ခွဲစရှိသွားရင်သူ့နောက်အမြဲ‌ကပ်နေချင်သွားမှာကိုပိုစိုးရမှာ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Tempat cerita menjadi hidup. Temukan sekarang