[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 58]သမီးအိပ်နေတဲ့ဆီသတင်းပြေးလာတော့ သမီးလေးကမွေ့ယာထက်တွင်ခြေပစ်လက်ပစ်အိပ်မောကျနေ၏။ အခန်းတံခါးဘက်ကိုလူရိပ်လှမ်းကြည့်တော့ ယုံယုံကြီးလည်းရှိမနေ။ဦးရှလည်းအနားမှာမရှိတုန်း သမီးကိုသတင်းတိတ်တိတ်လေးပွေ့သွားရင်ဘယ်သူမှသိမှာမဟုတ်လောက်ပါဘူး။သမီးလေးကိုလွမ်းနေရတာကြာလို့ တစ်ဝကြီးဖက်အိပ်ချင်တာကြောင့်...
"မီးမီးလေးက မာမီနဲ့အိပ်မယ်မဟုတ်လား"
လေသံလေးနှင့်ပြောလိုက်ကာ သမီးကိုယ်လေးကိုမွေ့ယာထက်ကအသာအယာမဖို့လုပ်သည်။
"အင်း"
သမီးကလွန့်လူးလျက် အင်းအွန်းသံလေးထွက်လာတော့ နိုးသွားမှာလည်းစိုးတာကြောင့်လှုပ်ရှားရတာသိပ်မလွတ်လပ်။
"သစ် သစ် သစ်"
"ကလေးခိုးဖို့ကြံနေတာဆိုရင်လည်း ခြေသံအရင်နားထောင်ရတယ်"
"ဟင်"
ဦးစူးရှအသံမှန်းလှည့်မကြည့်လည်းသိလိုက်၏။သူဒီလောက်ခြေသံလုံတာကျတော့ ထည့်မပြောပဲနှင့်။ သတင်းမျက်နှာလေးဒီဘက်မှာ စူပွနေတာကိုကင်းကမသိပဲ...
"သမီးကကိုယ်နဲ့ပဲနေမယ်လို့ပြောထားတာမဟုတ်ဘူးလား"
သူ့အမေးကြောင့်သမီးကိုကုန်းကုန်းကွကွနှင့်ပဲအသာပြန်ချလိုက်ရကာ...
"ရှင်ပဲဒီညကချွင်းချက်ဆို သမီးနေမကောင်းဖြစ်နေတာတောင်မအေဖြစ်တဲ့သတင်းကအတူတူရှိလို့မရဘူးလား"
"ရပါတယ်"
ကင်းကတည်တည်ငြိမ်ငြိမ်နှင့်ပြန်ဖြေ၏။
"ပြီးတာပဲလေ သမီးကိုခေါ်သွားလိုက်မယ်"
သတင်းကပြောလိုက်ပြီး သမီးကိုချက်ချင်းကောက်ပွေ့ဖို့လက်ကလေးပြင်သည်။ ကင်းကသူမလက်ကောက်ဝတ်ကလေးကိုဖြတ်ခနဲဖမ်းကိုင်လိုက်ပြီး...
"အတူတူရှိလို့ရတယ်ပဲပြောတာ ခေါ်သွားလို့ရတယ်မပြောဘူး"
"သတင်းကမခေါ်သွားပဲနဲ့ဘယ်လိုလုပ်ပြီး..."
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...