Part 31: Stand by me

3.5K 69 0
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 31]

"သတင်း"

ဦးထွဋ်ခေါင်ရှေ့ကသတင်းလက်ကိုကင်းကလှမ်း‌ဆွဲပြီးသူ့နောက်ကျောကိုပို့ပစ်လိုက်တာမြန်၏။

"မီးငယ် ဖေကြီးဆီလာခဲ့"

သတင်းကကင်းကိုမော့ကြည့်သည်။ သူမမျက်ဝန်းထဲမှာဝေခွဲမရမှုတွေဖြစ်ပေါ်နေသလား သူတစ်ချက်ပဲငဲ့ကြည့်‌လိုက်ကာ ဦးထွဋ်ခေါင်ဘက်သို့လှည့်လိုက်ပြီး...

"ခင်ဗျားသေပြီလို့သတင်းကြီးနေတာ ပေါ်လာတော့လည်းရှေ့တည့်တည့်ပါလား"

"ငါ့အသက်ကမသမာမှုကြောင့်နဲ့တော့မသေဘူး..အထူးသဖြင့်ချုံခိုတိုက်ခိုက်ကြတာတွေပေါ့"

သူတို့ပြောနေကြတာကိုရပ်စေချင်တဲ့သတင်းကသူ့လက်ဖုဝါးထဲသူမ‌လက်လေးကိုထည့်ဆုပ်ထားပြီး ဖျစ်ညစ်သတိပေး၏။ ထိုလက်ကလေးကိုသူကျစ်‌ေန‌ေအာင်ပြန်ဆုပ်ထားလိုက်ကာ သူမကိုမျက်ဝန်းတွေကတစ်ဆင့်ငဲ့ကြည့်တောင်းပန်လိုက်ပြီး...

"မသမာသူထက်တစ်ပန်းသာနေတော့လည်း မထူးဆန်းပါဘူး"

"မင်း..."

သမီးဖြစ်သူရှေ့မှာဖအေကိုမသမာသူလူယုတ်မာလို့ပြောပစ်လိုက်တာဝင်္ကဝုတ္တိတွေနှင့်ဖြစ်သည်။ သမီးလက်လေးတွေကိုဆွဲထားသည့်ထိုလက်တို့ကိုဦးထွဋ်‌ေခါင်ကြည့်မိတော့ ဒေါသကိုမီးမြှင့်ပေးလိုက်သလို သူ့မျက်နှာကြီးရဲတက်လာ၏။ ကင်းဆိုတဲ့ကောင်နဲ့အတူမီးငယ်ကိုတစ်စက္ကန့်တောင်ယှဉ်တွဲ၍မမြင်လိုပါ။ ထို့ကြောင့်...

"မီးငယ် ဖေကြီးနဲ့ပြန်လိုက်ခဲ့ တီမြတ်လည်းစိတ်ပူနေတယ်"

"သတင်းကပြန်မလိုက်ချင်ဘူးဆိုရင်ရော"

"ဟိတ်ကောင် ငါ့သမီးဖြေလိမ့်မယ်...မင်းဘာမှကာဆီးချုပ်နှောင်မနေနဲ့...မင်းကမီးငယ်သဘောမပါပဲခေါ်လာခဲ့တဲ့သူ...မီးငယ်..ဖေကြီးကိုပြော..ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး"

သတင်းဘာဖြေမလဲဆိုတာသူလည်းမခန့်မှန်းတတ်တာကြောင့်လက်သီးတစ်ဖက်တင်းတင်းဆုတ်ကာသူမဘာပြောမလဲရင်ခုန်စွာစောင့်နေမိ၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now