Part 5: First girl with third prize

4.8K 72 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

ဆောင်းတွင်းကအကုန်မြန်လွန်းလှသည်။ မြောက်ပြန်လေသည် အဝင်လည်းနောက်ကျသလို အထွက်ကျပြန်တော့လည်း နွေဦး၏လေရူးကို စောစီးစွာလက်နက်ချတတ်စမြဲ။

လေသည်မည်သည့်အရပ်ကတိုက်ခတ်စေကာမူ သူ၏မူလဂုဏ်သတ္တိကိုတော့ ပျက်ယွင်းမခံပေ။အရှိန်အဟုန်နှင့်တိုးတိုက်ဖျက်ဆီးတတ်သလို တခါတရံကျ‌ေတာ့ အင်အားနည်းပေမယ့် ပန်း‌ေပါင်းစံုတို့၏ရနံ့ကိုသယ်ဆောင်ပေးသည့် လေညှင်းနုနုလေးဖြစ်နေပြန်သည်။

ဝေ့ဝေ့ဝဲဝဲကြွေကျနေရှာသော စိန်ပန်းပွင့်ပြာတို့ကို ပြတင်းတံခါးမှန်ကိုကျော်လွန်၍ ကြည့်မိပြန်တော့...

"ဪ ရနံ့တင်မဟုတ်ဘူး ပန်းကိုလည်းခြွေတတ်သေးတာကို"

"မယ်သတင်း"

"..........."

သတင်းဆီကထူးသံထွက်မလာသောအခါ...ကိုယ်ချင်းကပ်ထိုင်နေသည့်သတင်းကို ထိုက်ထိုက်ကပုခုံးချင်းပစ်တိုက်လိုက်တော့၏။

"ဘုရား"

"‌ရှူး ဖြေးဖြေးလန့်"

သူကပဲပစ်တိုက်လိုက်ပြီးမှ စာကြည့်တိုက်ထဲကလူတွေကိုဟိုသည်လိုက်ကြည့်ပြီး နှုတ်ခမ်းမှာလက်ညှိုးကပ်ရင်း အသံတိုးဖို့ သတိပေးသည်။

"မိထိုက်ဟာလေ ဟိုမှာသူ့အာရုံနဲ့သူ"

သိမ့်ကသတင်းကိုလန့်သွားအောင်လုပ်ရမလားဟု ထိုက်ထိုက်ကိုဆူသည်။

"ငါသတင်းထူးပြောမလို့လေဟယ်"

"ပြောစရာရှိပြောပေါ့ရော"

"နားထောင်တဲ့သူရှိမှ စကားလုံးပြောင်မြောက်မှာ နင်ဘာမှမသိဘူး"

"အေးအေး ငါဘာမှမသိဘူး နင်ပဲသိဆရာမကြီး"

နှစ်ယောက်သား စကား‌များနေကြဦးမှာကိုမြင်ယောင်ပါပြီ။

"ကဲပါ သံတော်ဆင့်ကြီးရွှေထိုက်ရှင့် နားထောင်နေပါပြီ မြွတ်ကြားတော်မူပါ"

သတင်းကဖတ်လက်စစာအုပ်ကိုလက်ကလေးတစ်ဖက်ခံကာ ပိတ်ချလိုက်ပြီးမေးသည်။ ထိုတော့မှ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now