Thadinggyut Extra

5.9K 161 10
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Extra]

သီတင်းကျွတ်အခါသမယမို့ မန္တလေးမြို့ကဖေကြီးနဲ့တီမြတ်ကိုကန်တော့ဖို့ရာ သတင်းတို့မိသားစုလေးခရီးထွက်လာကြခြင်းဖြစ်သည်။

"မာမီ..စူးလေးအိပ်သွားပြီ ချိုလိမ်ဖြုတ်လိုက်ရမလားဟင်"

ကားနောက်ခန်းမှာခြေကားလက်ကားအိပ်နေသည့်သားငယ်လေးစူးရှထက်မြတ်ကို မိုချီလေးကအမကြီးအမိရာပီပီသသစောင့်ကြည့်ပေးသည်။

"ဖြုတ်ရင်သမီးမောင်မောင်လေးကအဲ့ခနဲထအော်မှာပေါ့..ဒီတိုင်းထားလိုက်နော်"

"ဟုတ်"

သမီးလေးကစူးလေးကိုတအားချစ်တာသိသာသည်။ ဘယ်သွားသွားသူ့မောင်မောင်လေးကိုမျက်စိအောက်ကအပျောက်ခံတာမဟုတ်။ ကျောင်းသွားတဲ့အချိန်ဆိုရင်‌ေတာင် မောင်မောင်လေးကိုလွမ်းလို့စာကောင်းကောင်းမလုပ်နိုင်ပါဘူးတဲ့။

ကားစီးတာတောင်မောင်မောင်လေးနဲ့နောက်ခန်းမှာတူတူစီးချင်တယ်ဆိုတာကြောင့် ခြောက်လသား,သားသားအဆင်ပြေအောင် baby seat လေးကိုဦးရှကသေချာလေးစီစဉ်ပေးရသည်။ ကလေးတွေကသူ့ဟာနှင့်သူအဆင်ပြေကြသော်ငြား သတင်းဘေးကကားမောင်းနေသည့်လူကြီးကိုတော့ နားချစရာရှိတာကြိုတင်နားချရ၏။

"ဦးရှ..ဖေကြီးနဲ့စကားပြောရင်အနိုင်လုမပြောရဘူးနော်...ဖေကြီးဘာပြောပြောသည်းခံပေးပါဦးရှရယ်နော်"

"ကိုယ်ကြိုးစားမှာပါ"

သတင်းမျက်နှာလေးကိုငဲ့ကြည့်လာပြီး မယုတ်မလွန်ပြောကာကားကိုရှေ့ဆက်မောင်းသည်။ ချောမြဲချောနေသည့်မတည်မပြံုးသူ့မျက်မှာဘေးတစောင်းကိုကြည့်ရင်း သတင်းနှုတ်ခမ်းလေးစူသွားရကာ...

"အဲ့ဒိအဖြေကမလုံလောက်ဘူးနော် ဦးရှ"

"ကဲ..ဘယ်လိုဖြေရင်လုံလောက်မှာလဲသခင်မရယ်..နှုတ်ခမ်းကြီးကလည်းစူနေပြီကွာ"

သူကရယ်မြူးရိပ်‌ေတွနှင့်ပြောကာ သတင်းပါးလေးကိုလက်တစ်ဖက်နှင့်လှမ်းဖျစ်တော့ ဆူနေသည့်နှုတ်ခမ်းလေးကထော်လာရ၏။

🎉 You've finished reading ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed) 🎉
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now