[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 39]"ကလေးဟုတ်လားဒေါက်တာ"
"ဟုတ်တယ်သမီး..ကိုယ်ဝန်က ရှစ်ပတ်ထဲမှာ"
ထိုနေ့ကမမလေပြေပေးတဲ့ emergency ဆေးကအချိန်မှီမတားလိုက်နိုင်ဘူးထင်ပါသည်။ ဒေါက်တာ့စကားအဆုံး သတင်းခေါင်းတွေမူးမိုက်ပြာဝေသွားကာ ထပ်မံသတိမေ့ခြင်းကိုရောက်လျက်...။
သတင်းပြန်နိုးလာတော့ ဘေးမှာထိုက်ထိုက်ရောသိမ့်ရောကစောင့်ပေးနေကြသည်။
"သိမ့်..ထိုက်ထိုက်"
သတင်းကလှဲနေရာကနေထထိုင်လိုက်ကာ သူငယ်ချင်းနှစ်ယောက်လုံးနံမည်ကိုခေါ်ပြီးတစ်ခုခုပြောဖို့အားယူ၏။
"အေး သူငယ်ချင်း"
"မိခင်လောင်းလေးပြောပါရှင့်"
ထိုက်ထိုက်ထိုစကားမှာသတင်းမျက်နှာလေးငုံ့ကျသွားသည်။ ပြီးတော့ ဒူးလေးနှစ်ဖက်ကွေးတက်သွားကာ ထိုဒူးပေါ်လက်တင်လိုက်ပြီးမျက်နှာမှောက်ချလိုက်သည့်နောက်...
"အဟင့်"
ရှိုက်သံလေးထွက်လာ၏။ ပုခုံးစွန်းလေးတွေတသိမ့်သိမ့်တုန်တဲ့အထိရှိုက်လာတော့ အသာငြိမ်နေကြသည့်သူငယ်ချင်းမနှစ်ယောက်လုံးမနေနိုင်စွာ သူမပုခုံးလေးကိုဘေးတစ်ဖက်စီကသိုင်းဖက်ပေးကြသည်။ နှစ်သိမ့်စကားဘယ်လိုဆိုရမှန်းမသိကြသေးသည့် နုငယ်သူလေးတွေမို့...
"မငိုပါနဲ့သတင်းရယ်"
ဆိုတာကလွဲလျင်မပြောတတ်ကြ။
"အဟင့် အဟင့်"
သတင်းငိုတော့သူမတို့လည်းငိုချင်လာကာ မျက်ရည်လေးတွေဝိုင်းသီလာကြသည်။ တော်တော်ကြာငိုကြဖက်ထားကြပြီးမှ အားလုံးထဲမှာအရင့်ကျက်ဆုံးဖြစ်သည့်သိမ့်က စကားစပြောသည်။
"ကဲ မယ်သတင်း ဦးထွဋ်ဆီဖုန်းဆက်မလား အန်တီမြတ်ဆီဖုန်းဆက်မလား ငါတို့ဒီအတိုင်းငိုနေကြလို့တော့မပြီးဘူးလေ"
"ကလေးအဖေကိုဖုန်းဆက်တာပိုမကောင်းဘူးလား"
ထိုက်ထိုက်စကားကိုတော့သတင်းကခေါင်းခါသည်။
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...