Part 36: Wild & dark bachelor night

3.6K 62 3
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 36]

"‌ကြွ‌ေရာက်လာကြတဲ့ဆရာဆရာမများနှင့်‌ေကျာင်းသား‌ေကျာင်းသူများအားလံုးမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ် ဒီ project လေးကိုကျွန်မသိမ့်စုစီ"

"ကျွန်မ မြတ်ပန်းသတင်းနဲ့"

"ကျွန်မရွှေထိုက်တို့က presentation လုပ်သွားမှာဖြစ်ပါတယ်ရှင့်"

တမောတကောကြီးအမြုတ်ထွက်မတတ်ပြောလိုက်ရ မေးခွန်းတွေ‌‌ေမးကြလို့ဖြေလိုက်ရနှင့် သူမတို့ project presentation ကလက်ခုပ်သံတဖြောင်းဖြောင်းနှင့်အဆုံးသတ်ပြီးစီးသွား၏။ Conference room ထဲက Aircon လေအေးကြောင့်ရော public speaking ပြောရခြင်းကိုရင်ခုန်တာရောကြောင့်သူမလက်ဖျားလေးတွေအေးစက်နေ၏။ ခန်းမထဲကထွက်လာတော့လည်း...

"ဟက် လေးလုံးမအိသက်မွန်ကိုနင်သတိထားမိလား"

ရွှေထိုက်ကသတင်းကိုတံတောင်နှင့်တွတ်ရင်းပြောသည်။

"ဘာလို့လဲ"

"ဘာလို့ရမလဲ သူမေးခွန်းမေးသမျှတခွန်းမကျန်‌ပြန်ဖြေနိုင်လို့ပုတ်သိုးသွားတဲ့မျက်နှာကိုလေ..."

"အေး ငါမြင်တယ်"

သိမ့်စုစီကလည်း‌ေရွှထိုက်စကားကိုထောက်ခံ၏။

"သူလည်း presentation ကောင်းကောင်းပေးနိုင်သားပဲ ဘာဖြစ်လို့လဲ"

"ငါတို့နဲ့သူ့ Project ကအကြောင်းအရာတူနေလို့ဌာနမှုးတီချယ်က နှစ်ခုယှဉ်ရွေးပြီးသူတို့ project ကိုပယ်လိုက်တယ်လေ"

"ဟယ် ဟုတ်လား အကြောင်းအရာတူပေမယ့် idea မတူနိုင်ဘူးလေနော်"

"အာ့တာပြောတာ သူရန်လုပ်ချင်ရင်တီချယ့်သွားလုပ်ပေါ့ မဆီမဆိုင်ငါတို့ကိုမဲနေတယ်"

လူကြီးတွေကလူငယ်တွေကိုအခွင့်အရေးမပေးကြသောနိုင်ငံမှာသူမတို့နေကြသည်လေ။

"ဒါပေမယ့် သဘောထားကြီးတဲ့ငါတို့ကပဲနားလည်ပေးလိုက်ပါမယ်လေ နော် သူငယ်ချင်းတို့"

ထိုက်ထိုက်ကသူမဘေးတစ်ဖက်စီကနေယှဉ်လျှောက်လာသည့် သိမ့်နှင့်သတင်းပုခုံးကိုတစ်လက်မလောက်ပိုသာသည့်သူမအရပ်အားကိုးနှင့်သိုင်းဖက်ကာ အမြင့်ကမဆင်းသောလေသံနှင့်ပြော၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now