Part 23: You don't know what you see

3.1K 67 2
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 23]

~ပညာစုံသုံးလို့ အရည်ပျော်အောင်ကိုယ့်ကို ပြုစားတယ်...
ဝေဒနာတွေပေးပြီး မဆုံနိင်တဲ့အဝေးဆီ
ထွက်သွားတယ်...
ဟိုစဉ် ဘဝရဲ့ကျောင်းထဲအချစ်ဖတ်စာကို အသေအချာမကြေညက်ခဲ့တော့လည်း ဒဏ်ရာတွေပဲကိုယ်ရတယ် ~

သုံးလို့ရတဲ့ You Tube နဲ့ပဲ ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းလေးဖွင့်ထားလိုက်သည်။ တကယ်ဆို library မှာစတွေ့ခဲ့ကြကတည်းကသူ့ကိုမေ့မရခဲ့တဲ့သတင်းကိုကမှားခဲ့တာပဲမဟုတ်လား။ ဒီတစ်လျှောက်လုံး သတင်းအပေါ်ဦးစူးရှဘယ်လိုပင်ဆက်ဆံခဲ့ဆက်ဆံခဲ့ စိတ်နာတယ်ဆိုတာဘာမှန်းမသိလောက်အောင်ပျော့ညံ့ခဲ့ကာ စိတ်ဆိုးရင်တောင်ကြာကြာတေးမှတ်မထားတတ်တဲ့ညာဉ်ဆိုးကြောင့် အနိုင်မယူတဲ့သတင်းကပဲအရှူံးဖြစ်ခဲ့ရသည်။ ထိုကာလတွေသာ မုန်းလို့မရတဲ့ရာသီတွေဖြစ်ခဲ့ရင် အခုကစပြီးရာသီပြောင်းချိန်တန်ပြီလေ။

လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်အောင် High waisted ဂျင်းအပွလေးနှင့် "All iz well" လို့စာတန်းထိုးစကစ်ကာလေးပါသည့် လည်ဝိုင်း T shirt လေးကိုဝတ်ထားလိုက်သည်။ ဟိုရက်ကမှကလောဈေးကဝယ်လာသည့် အဖြူရောင်ဇစ်ဆွဲ hoodie လေးနှင့်အဖြူရောင်ရှာထိုးဦးထုတ်လေးကတော့ အသင့်အနေအထားပြင်ထားလိုက်၏။ အပြင်ထွက်သွားတော့မယ့်ပုံစံဆိုတာ တအားသိသာနေလို့လည်းမဖြစ်ဘူးလေ။

အစကသူမအစီအစဉ်သာဆွဲထားတာ ကျန်ခဲ့မယ့်သူ့ကိုအားနာနေမိသေးသည်။ နွားဇာတာပါသည်ပြောရမလား သိပ်ကိုမုန်းဖို့ကောင်းတဲ့ကိုယ်ချင်းစာစိတ်ပါပဲ။ အခုတော့ မနေ့ညကအကြံအတိုင်းရှေ့ဆက်လိုက်ယုံသာ။

"ဦးစူးရှအတွက်ဘာမှမဟုတ်တဲ့သတင်းလည်း ကိုယ့်ဖြစ်တည်မှုကအသုံးမဝင်တဲ့အရပ်မှာမနေချင်တော့ဘူး သတင်းကိုလိုက်မရှာပါနဲ့တော့ တချိန်ချိန်လမ်းမှာပြန်တွေ့ရင်တောင်မသိခဲ့ကြသလိုနေပေးပါ"

sticky note လေးပေါ်မှာပဲအမှာစားရေးပြီး စာရွက်ကို bed side cabinet လေးပေါ်မှာကပ်လိုက်၏။အားလုံးပြင်ဆင်ပြီးတဲ့သူမအတွက်ကျန်တာက ဈေးကားလာချိန်ကိုစောင့်နေဖို့ပါပဲ။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now