[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 37]အိပ်မောကျနေတာတောင်လူကိုတင်းနေအောင်ဖက်အိပ်ထားသည့်လက်မောင်းသားတွေကြားထဲကမနည်းရုန်းထွက်လိုက်ကာ မသေမသပ်ဖြစ်နေသည့်ကိုယ်ကိုပြုပြင်ရင်းအိပ်ရာကထလိုက်ရ၏။
"သတင်းကိုအနိုင်ကျင့်တာများပြီနော်"
အိပ်မောကျနေသည့် ဦးရှ၏နှာတံစင်းစင်းကိုလက်ညှိူးေလးနှင့်တို့ထိရင်းစူပုတ်ပုတ်လေးပြောမိ၏။မျက်နှာချောချောကကြည့်လို့ကောင်းပေမယ့် ရမက်ဆန်သည့်အနမ်းတို့ကိုသတိရသွားတော့ ပန်းရောင့်ရင့်သွားသည့်ပါးနှစ်ဖက်ကိုအုပ်ကိုင်လိုက်မိသည်။ သူမတို့အဖြစ်ကချစ်ခဲ့ကြပြီးမှအစကပြန်ရင်နှီးယူရသည့်သူတွေလိုဖြစ်သွားကြပြီး မမြင်ဖူးခဲ့သည့်ဦးရှရဲ့ dimension အမျိုးမျိုးကိုသူမသိခဲ့ရသည်။ ယူတတ်ရင်အမြတ်တွေချည်းပဲ မြတ်ပန်းသတင်းရေလို့သာကိုယ့်ကိုကိုယ်ဖြေသိမ့်နေယုံပေါ့။
ဒီနေ့ဟာ အားလုံးမုန်းကြတဲ့တနင်္လာနေ့ပဲဖြစ်သည်။ သူမကျောင်းသွားဖို့ပြင်ရဦးမှာမဟုတ်လား။ ရေမိုးချိုး၊ကျောင်းဝတ်စုံလဲပြီးထွက်လာတော့ အိပ်ရာပေါ်မှာဦးရှမရှိတော့ပါ။
"ဟင် သူဘယ်ရောက်သွားတာလဲ"
ဦးရှအိမ်ကိုသူမအခုထိမရင်းနှီးသေးပါ။ အရင်ကဦးရှအိပ်ခန်းမှာပဲ မင်္ဂလာမောင်နှံအိပ်ခန်းလုပ်ပစ်လိုက်တာကြောင့်ဘာမှပြောင်းလဲသွားတာမရှိပေမယ့် အခန်းပိုင်ရှင်ရဲ့စိမ်းကားမှုတွေကြောင့် ဤအခန်းသည်လည်းစိမ်းသက်သက်ပါပဲ။
Timetable စစ်ပြီးစာအုပ်တွေထည့်သင့်တာထည့်ထုတ်သင့်တာထုတ်နှင့်အလုပ်များနေကာ လွယ်အိပ်ကောက်လွယ်ပြီးအနောက်လှည့်လိုက်တော့...
"မမသတင်း"
သူများလားလို့ထင်လိုက်ပေမယ့် သူမဟုတ်ခဲ့ပေ။
"မခင်လေး"
"အစ်ကိုလေးကအလုပ်သွားနှင့်ပြီတဲ့ ကျောင်းကိုအေးချမ်းလိုက်ပို့မှာမို့လို့..."
"နေပါစေ ဖေကြီးလာကြိုဖို့ပြောလိုက်မယ် အေးချမ်းလည်းအလုပ်ရှိသေးတာမဟုတ်ဘူးလား သတင်းကြောင့်အလုပ်ပိုလိမ့်မယ်"
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...