Season 2 : Part 62

4.4K 130 15
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2,[Episode - 62]

"ဘာတဲ့လဲဟင်မမမှီ"

"ခဏနေသိရတော့မှာသတင်းရဲ့...ကြည့်ပါဦး လက်ဖျားတွေတောင်အေးနေပြီ စိတ်အေးအေးထားပါ"

သတင်းလက်ဖျားလေးတွေအေးစက်နေသလောက် စိတ်အတွင်းမှာတော့ပူလောင်လှ၏။ မခင်မျိုးချစ်ဆီကကြားရမှာသည် ကျေးဇူးပြု၍ သတင်းကောင်းပဲဖြစ်ပါစေတော့။

"မှီရေ"

ခေါ်သံနှင့်အတူမခင်မျိုးချစ်ကလှေကားပေါ်မှဆင်းလာသည်။

"မခင်မျိုးချစ်...သိရပြီလား"

"သိရပြီ...ဒါပေမယ့်..."

ဒါပေမယ့်ရဲ့နောက်မှာဘာပါလို့လဲမသိ မျှော်လင့်တကြီးနားထောင်နေသည့်သတင်းမျက်နှာလေးကိုစိတ်မသက်မသာဟန်နှင့်ကြည့်၏။

"ကင်ဆာကျိတ်ပဲညီမလေး"

သတင်းကိုယ်လေးနေရာမှာတင်ယိုင်ခနဲဖြစ်၏။ မမှီကသူမပုခုံးလေးကိုထိန်းကိုင်ပေးထားကာ...

"ကုလို့ရပါ့မလားဟင်"

"အင်း...လူနာကကင်ဆာကျိတ်တွယ်နေတာအသိနောက်ကျတဲ့အဆင့်မှာထင်တယ်၊ အစ်မအတွေ့အကြုံအရဆိုရှေ့ကလူနာတွေတုန်းက ဒီအခြေအနေမျိုးမှာဆို ဆရာကြီးကစိတ်ကိုပြင်ဆင်ဖို့ပဲပြောတာများတယ်"

သတင်းမျက်ရည်တွေတားဆီးချိန်မရလိုက်ခင် ပိုးပိုး‌ေပါက်ပေါက်ကျလာတော့၏။ စိတ်ကိုပြင်ဆင်ထားရမှာ ဦးရှမဟုတ်ပဲသတင်းပါလားဆိုတာကိုလည်းနာကျင်စွာသိလိုက်ရ၏။

"သူ..သူရောသူ့ရောဂါအ‌ေခြအနေသိပြီးပြီလားဟင်"

"လူနာလား...လူနာကိုအကြောင်းမကြားရသေးဘူး ဒီနေ့ဆရာကြီးနဲ့ထပ်ချိန်းထားပုံပဲ"

ဦးရှသိသွားရင်ဘယ်လိုနေမလဲ။ သတင်းကိုရောသူ့မှာဒီရောဂါကြီးရှိနေတယ်ဆိုတာ ဘယ်အချိန်အသိပေးမှာလဲ။

"အစ်မသွားတော့မယ်..ဒီအကြောင်းဒေါက်တာသျှန်သိလို့မရဘူးနော်မှီ"

မှီကခေါင်းငြိမ့်ပြလိုက်ပြီး မျက်နှာလေးကိုလက်ဖုဝါးနှင့်အုပ်ထားသည့်သတင်းပုခုံးလေးတသိမ့်သိမ့်တုန်နေတာကို စိတ်မသက်မသာနှင့်ကြည့်သည်။ အဆင်ပြေသွားမှာပါလို့ပြောဖို့တာင် မျှော်လင့်လိုမရသည့်ရောဂါအဆင့်ကြောင့် မှီပင်အခက်တွေ့နေရ၏။ ထို့ကြောင့်ကျောကလေးကိုအသာပုတ်ကာ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Donde viven las historias. Descúbrelo ahora