Season 2 : Part 60

4.5K 132 27
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 60]

ငိုနေခြင်းကိုရပ်တန့်လိုက်ကာ စာရွက်ခေါက်ကလေးအား လက်ထဲဆုပ်ထားပြီးနေရာမှထသည်။

လက်ကိုင်အိတ်ကလေးပုခုံးပေါ်ဖြစ်သလိုတင်လိုက်ပြီး သူမအခန်းအပြင်သို့‌‌ေရးကြီးသုတ်ပြာထွက်၏။ လှေကားအဆင်းမှာ ယုံယုံကြီးနှင့်တိုးတော့...

"သမီးကိုကြည့်ပေးထားလို့ရမလားယုံယုံကြီး သတင်းအရေးကြီးသွားစရာပေါ်လာလို့ပါ"

"ရတာပေါ့ကွယ် ယုံယုံကြီးကြည့်ထားပေးမယ်လေ ဒါနဲ့ပန်းလေးကဘယ်သွားမှာလဲ တခြားမဟုတ်ဘူး ခြံထဲကပြန်ထွက်ရင်တောင်အကြာကြီးလေ ကားနဲ့မဟုတ်ရင်အဆင်မပြေမှာစိုးလို့"

"တောင်ကြီးကိုပါ သတင်းအဆင်ပြေသလိုသွားလိုက်ပါ့မယ်"

"‌လူလေးလည်းမရှိတော့ အယ်..သတိရပြီ...ယုံယုံကြီးကိုခဏစောင့်နော်"

‌သတင်းအလျင်လိုနေမှန်းသိတဲ့ယုံယုံကြီးကတင်ပါးဆုံကြီးတွေတတုန်တုန်နှင့်ခပ်ဖိုင့်ဖိုင့်ကိုယ်ကြီးကိုမညှာတာပဲ ခပ်သုတ်သုတ်လျှောက်ကာ အခန်းတစ်ခုထဲဝင်သွား၏။ သတင်းရပ်စောင့်နေရတာမကြာလိုက်ပဲ ပြန်ထွက်လာတော့သော့တွဲတစ်ခုကိုင်လျက်...

"ရော့ပန်းလေး"

"ကားသော့ပဲ..သတင်းမောင်းလို့ဖြစ်ပါ့မလား အေးချမ်းဖြစ်ဖြစ်..."

အရင်ကဘယ်လိုပဲရင်းနှီးပက်သတ်ခဲ့ကြပါစေ အခုချိန်မှာသတင်းကအပြင်လူသာသာပဲရှိသေးသည်။

"ဖြစ်တာပေါ့ကွယ် အာ့တာပန်းလေးအတွက်လူလေးဝယ်ထားတာ သူလည်းမစီးဘူးဘယ်သူမှလည်းမစီးခိုင်းဘူး အားတိုင်းအင်ဂျင်စစ်ရေဆေးနေလို့ အခုမှတက်မောင်းလည်းဘာမှမဖြစ်ဘူး"

ဘယ်တုန်းကတည်းကဝယ်ထားတာလဲဦးရှရယ်။

"ယူသွားလိုက်ပါ ကားကဂိုထောင်ထဲမှာပဲ အေးချမ်းလည်းတန်းလျားမှာရှိတယ်"

သတင်းတုံ့ဆိုင်းနေတာကိုလက်ထဲအတင်းထိုးထည့်ပြီး တိုက်တိုက်တွန်းတွန်းပြောနေတာကြောင့် သော့ကိုယူပြီးထွက်လာလိုက်ရ၏။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now