[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 49]"ဘာ..အဲ့ကောင်ကငါ့သမီးအနားထပ်ရောက်လာပြန်ပြီလား"
"ဦးပိန်မှာပန်းလေးနဲ့တွဲလျောက်လာတာ သူမှသူအစစ်ပဲဆရာ..အဲ့ဒိတုန်းကအဝေးကနေပဲရပ်ကြည့်လှည့်ပြန်ခဲ့ရပေမယ့်သေချာပါတယ်"
ဘာသံကြီးကြောင့်ယက္ခပုခုံးတစ်ချက်တုန်တက်သွားပေမယ့် စကားဆုံးအောင်တော့အထစ်အငေါ့မရှိ အစီရင်ခံလိုက်နိုင်၏။ ပြီးတော့ ဒေါသကြောင့်နီမြန်းနေသည့်မျက်နှာကြီးကိုမရဲတရဲ မျက်လုံးလှန်ကြည့်လိုက်ကာ...
"ဒါပေမယ့် ပန်းလေးဘက်ကလည်းတင်းမာနေတဲ့ပုံပါပဲ..ဒီကောင်ပုခုံးဖက်လိုက်တာကိုမသက်သာလို့လက်ခံပေးနေရ.."
"တာနော..ဒီကောင့်ကိုငါ့မျက်စိရှေ့ခေါ်သွား ကြာရင်ငါ့ဒေါသတွေသင်းအပေါ်ပုံချမိလိုက်လိမ့်မယ်"
ဘာမှဝင်မတားဆီးခဲ့ပဲ မြင်သမျှအကုန်အစီအရင်ခံနေတာ နားထောင်နေတဲ့သူကဖအေဆိုတာကိုမေ့နေတာလား အထူအပါးနားမလည်လွန်းတာလားမသိ။
"ဟုတ်ကဲ့သူဌေး"
"တောက်!"
အသာလက်ကုတ်ပြီးခေါ်ထုတ်ခံသွားရတဲ့ယက္ခကျောပြင်ကို မကျေမချမ်းကြည့်ပြီးတောက်ခေါက်ကျန်ခဲ့တာ ဦးထွဋ်ခေါင်ပဲဖြစ်လျက်။ ဒေါသကိုထိန်းဖို့ လက်တွေကိုခါးပေါ်ထောက်လိုက်ကာ ခေါက်တုံ့ခေါက်ပြန်လည်းလျှောက်နေမိ၏။
ပန်းလေးကိုဒီကောင်နဲ့မဆုံဆည်းစေချင်လို့ ဘယ်လောက်ချစ်ချစ်သူမလေးစိတ်ခိုင်တုန်းအဝေးကိုပို့ပစ်ခဲ့ရသည်။ သူစိတ်အေးမယ်ကြံကာရှိသေး လူမမယ်မြေးလေးကိုဖက်တွယ်ပြီးပန်းလေးဘဝထဲနောက်တစ်ခါထပ်ဝင်လာဖို့ကြိုးစားပြန်၏။ ပန်းလေးယောက်ျားဟာစူးရှလေးနက်ဆိုတာမသိခင် ကင်းဆိုတဲ့အမည်နာမမှာကတည်းကကျောင်းတော်ရန်ဘက်တွေဖြစ်ခဲ့ကြတဲ့လူကို မဟေသီ့ကျေးဇူးကြောင့်သူအားစိုက်ထုတ်စရာမလိုပဲ ပထုတ်နိုင်ခဲ့ပေမယ့် ဒီတစ်ခါလည်းထိုသူမကျေးဇူးကြောင့်အနားပြန်ရောက်လာပြန်သည်။ သမီးကိုရောမြေးကိုပါစိတ်မချလို့သက်တော်စောင့်တွေထားပေးခဲ့တာတောင် ချဉ်းကပ်နိုင်ခဲ့တာသူအရည်အချင်းရှိလွန်းလို့မဟုတ်ရင် ကိုယ့်လူတွေညံ့နေကြတာပဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူဟာအဖေတစ်ယောက်အနေနဲ့စည်းအထပ်ပဲချရချရ သံကွန်ချာနဲ့ပဲအုပ်ရအုပ်ရ..
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...