Season 2: Part 50

4.2K 107 9
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season2, [Episode - 50]

"ဟယ် ကိုမိုင်း"

"သတင်းပါလား..ဘယ်တုန်းကဘန်ကောက်ရောက်တာလဲ"

"မနေ့ကတင်လေ..ကိုမိုင်းကရော"

"ကိုယ်ကတစ်ပတ်လောက်ရှိပြီ..ဒီမှာသူငယ်ချင်းတစ်ယောက်က Senior Level နဲ့ freelance လုပ်နေတာလေသူ့ဆီလာတာ..သတင်းမှတ်မိမလားတော့မသိဘူး အစ်ကိုတို့ Batch ကမျိုးကိုကိုကျော်လေ.."

"အနောက်မှာပါလာလားကိုမိုင်း"

သတင်းကခေတ်သမိုင်းနောက်ကျောကိုဝေ့ကြည့်ပြီး‌လေသံတိုးတိုးနှင့်မေးသည်။

"မပါလာဘူး အစ်ကိုတစ်ယောက်တည်း Baryan Tree မှာ Seminar တစ်ခုရှိလို့လာတက်တာ သူကပြန်နှင့်ပြီ ဘာလို့လဲသတင်း"

"မမှတ်မိဘူးပြောမလို့လေ အနောက်မှာပါလာရင်အားနာလို့"

ကိုမိုင်းကပြုံးလိုက်ကာ..

"ဪ အဲ့လိုလား ဒါနဲ့..မိုချီလေးရောမပါဘူးလား သတင်းတစ်ယောက်တည်းလာတာလား"

"သမီးနဲ့လာတာ တီမြတ်ကဆိုင်ကိုပစ်ထားလို့မရလို့လိုက်မလာဖြစ်ဘူးလေ..အခုလည်းသမီးအတွက်လိုတာလေးတွေထွက်ဝယ်တာ"

အဝတ်အစားဘာညာအပိုသယ်ရတယ်ဘာမှယူမသွားနဲ့ဟိုရောက်မှအကြိုက်ဝယ်ဆိုလို့ဘာမှထည့်မလာခဲ့တာ ဘန်ကောက်ရာသီဥတုကမေလပိုင်းထဲမှာေပမယ့်အတော်ပူနေ၍ သမီးကိုခဏသိပ်ခဲ့ပြီးသူမ Central world ထဲပတ်နေတာပါ။

သတင်းလက်ထဲကအထုတ်ကြီးအထုတ်ငယ်ကိုကြည့်၍ ခေတ်သမိုင်းကကိုင်လာသည့် Mac book ကိုလက်ပြောင်းကိုင်လိုက်ကာ ကူဆွဲပေးရန်လက်လှမ်းသည်။

"ပေးပါ အစ်ကို့ကို..အခုကဘယ်မှာတည်းနေတာလဲ တစ်ခါတည်းလိုက်ပို့ပေးမယ်"

"ဖေကြီးမိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာလေ..သူတို့အိမ်အပိုတစ်လုံးပေါ့..မနက်သွားညပြန်အိမ်အကူတစ်ယောက်လည်းလွှတ်ပေးတယ် မိုချီနဲ့ကျပြေးပြေးလွှားလွှားဆော့ကောင်းတော့ဟိုတယ်မှာထက်ပိုအဆင်ပြေတယ်လေ"

သတင်းလက်ထဲကဆွဲအိပ်တွေလျော့သွားတော့ ကိုမိုင်းကိုကျေးဇူးတင်စွာကြည့်ရင်း လက်လေးတွေဆုပ်ချည်ဖြန့်ချည်လုပ်ရသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Tahanan ng mga kuwento. Tumuklas ngayon