Part 24: Right beside you

3.1K 71 2
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 24]

ဖြတ်သမျှ Toll gate တွေကို ကိုညီသစ်အကူအညီနှင့်စုံစမ်းကြည့်ရသည်။ ကြွက်တက်ဆုံ toll gate ရောက်တော့မှ CCTV ထဲမှာမြင်ရသည့် အံစာတုံးကားအဖြူရောင်ထဲမှာယောက်ျားတွေချည်းငါးယောက်ပါပြီး နှာခေါင်းစည်းအုပ်ထားသည့်အမျိုးသမီးတစ်ယောက်ကဘေးကတစ်ယောက်၏ပုခုံးပေါ်မှာမှီရက်သား။ zoom in ချဲ့ကြည့်တော့...

"ရဲသွေး"

"ဒါ ‌ရဲသွေးမဟုတ်လား ကင်း"

"အစစ်ပဲ တောက်!"

"ဒီကောင်ဘာအချိုးချိုးတာလဲ"

သူ့လူကိုယ့်ဘက်သားလုပ်သွားသည့်ရဲသွေးကိုတာယာကလည်းမကျေနပ်။

"ဒီကောင်ကသတင်းမိထွေးရဲ့မောင်ဆိုတော့ ငါထင်တာအမွေကိစ္စကြောင့်များလား"

"မင်းမှန်းသလိုဖြစ်ပါစေပဲ ဥစ္စာပစ္စည်းအတွက်ကြောင့်ဆိုရှိသမျှပုံအောပြီးလဲရဲတယ် အခုက..."

စကားမဆက်နိုင်ဖြစ်ရတဲ့အထိ ဘာဆက်ဖြစ်မလဲကြိုမပြောရဲပါ။ သူ့အတွေးနဲ့တောင်သူမလေးကိုထိခိုက်သွားမှာမလိုလား။ လီယိုပြောတာဟုတ်ပါ၏။ ကံဆိုးစွာနှင့်သူ့အချစ်အာရုံကိုလှုံ့ဆော်လိုက်တာက ဒီအခြေအနေကြီးတဲ့လား။

မျက်မှောင်ကြီးစုကျုံ့‌ေနတဲ့မျက်ခုံးရိုးနှစ်ဖက်အပေါ် သူ့လက်ညှိုးနဲ့လက်မတင်လိုက်ပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ကင်းကို တာယာကပုခုံးတစ်ဖက်အားဖျစ်ညစ်လိုက်ရင်း...

"ဘာမှမဖြစ်နိုင်ပါဘူး သူကဉာဏ်ကောင်းပါတယ်"

ချစ်တယ်လို့သာတစ်ခွန်းမပြောတာ မျက်စိအောက်ကအပျောက်မခံတဲ့ကောင်ဆီကတောင်ထွက်သွားနိုင်သေးတာပဲ။ မပွင့်လင်းတဲ့ကိုယ့်သူငယ်ချင်းကိုပဲမချင့်မရဲဖြစ်ရတော့သည်။

"ဒီတစ်ခါပြန်တွေ့ရင် သတင်းကိုပြောလိုက်ဦး"

"ဘာပြောရမှာလဲ"

ကင်းကမျက်လုံးလှန်ကြည့်ပြီးမေးသည်။

"ဖြစ်ဖြစ်မြည်အောင်ချစ်နေပါတယ်လို့"

"အင်း"

ဒီတစ်ခါတော့ငြင်းသံထွက်မလာတော့ပါ။ အရင်ကသူစရင် မဟုတ်ဘူးငြင်းနေကျ။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now