"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့" - [ Episode - 12 ]
"ကျွတ်"
ကားပေါ်ကဆင်းကတည်းက လှမ်းမြင်ပါသည်။ ခရီးဆောင်အိတ်နှစ်လုံးမနိုင်မနင်းသယ်နေပုံက စိတ်အလိုမကျစရာဖြစ်နေခဲ့လျက်...။
"မြတ်ပန်းသတင်း!"
"ဟုတ်"
"အဲ့ဒိ luggage တွေ ဟိုတယ်ဝန်ထမ်းသယ်လိမ့်မယ် reception ကိုသွားနှင့် ခဏဖုန်းပြောလိုက်ဦးမယ် ပစ္စည်းတွေပါတစ်ခါတည်းနေရာချထားပေးနှင့်"
"ဟုတ်"
သူဘာပြောပြော တဟုတ်ဟုတ်နှင့်နာခံလွန်းနေပုံက ရိုးမှရိုးရဲ့လား။ ဒီကောင်မလေး မြုံစိစိနဲ့တစ်ခုခုမကြံစည်ဘူးမပြောနိုင်...မြွေပေွးခါးပိုက်ဆောင်မိတော့မှ မျက်စိကွယ်ရာမှာရှိနေတာကိုတွေးမိသွားကာ...
"မဖြစ်ဘူး ဒီကောင်မလေးကို အနားကတစ်ဖုဝါးမှအခွာခံလို့မဖြစ်ဘူး"
စိတ်ကဆုံးဖြတ်တာနှင့်ခြေလှမ်းတို့ကလည်း သတင်းရှိရာသို့...
"Hello ကင်း..ဘာပြောလိုက်တာလဲ...ကြားရရဲ့လား"
"ဆောရီး Leo ညနေကျမှဆုံကြမယ်ကွာ အဲ့ဒိကျမှပြောမယ်"
"ဟေးးး ဖုန်းမချ..."
စကားဆုံးအောင်တောင်နားမထောင်လိုက်ဘူး။ မတွေ့တာကြာတဲ့သူငယ်ချင်းကို သူကတော့အလုပ်တွေပစ်ထားပြီး Bangkok ရောက်တုန်းရောက်ခိုက် သေချာဧည့်ခံမလို့ပေမယ့် ကင်းလုပ်ပုံကြောင့်ဟက်ကော့ကြီးကျန်ခဲ့ရသောကြောင့် Leo တစ်ယောက်တည်းပြုံးနေလိုက်မိသည်။
"damn it"
ဖုန်းမချခင် ကင်းပြောလိုက်သံတစွန်းတစမှာ "ကောင်မလေး" ဆိုတာကို သူသေချာကြားလိုက်ရသည်။ ချက်ချင်းပစ်စလတ်ခတ်ဖုန်းချပစ်ရအောင်အထိ ကင်းကိုပျာယာခတ်သွားအောင် လုပ်နိုင်စွမ်းသော ထိုကောင်မလေးသည် မည်သူများဖြစ်မည်နည်း။
(ဘယ်သူရှိရမလဲ သတင်းပေါ့:P)"ဟူး...အခုမှပဲအနားရတော့တယ်"
ရေမြုပ်မွေ့ယာပေါ်ခြေပစ်လက်ပစ် လှဲချလိုက်ကာ ဟူးခနဲ သက်ပစ်ရှည်ကြီးမှုတ်ထုတ်လိုက်မှ လူကနေသာထိုင်သာရှိတော့၏။
YOU ARE READING
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...