Part 11: Summer War

3.4K 67 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့" - [Episode - 11]

Notice board ရှေ့မှာတိုးကြိတ်ရပ်နေကြသည့်ဝန်ထမ်းတွေကို လှမ်းမြင်နေရ၍ ရုံးမှာ event တစ်ခုခုလုပ်တော့မယ်ဆိုတာအာရုံရလိုက်ပြီ။ သူပြောတဲ့ "Summer War" ဆိုတာကြီးလာတော့မယ်ထင်ပါရဲ့..။

"သတင်းတို့ လာလေ"

"ဘာတွေတုန်းမျိုးရဲ့.."

မျိုးမျိုးသူက သတင်းတို့ကိုလှမ်းမြင်တာနဲ့လက်ယက်ခေါ်၏။ အနားရောက်သွားတော့မှ ရှေ့ကလူအုပ်ကို မေးဆတ်ပြပြီး သိမ့်ကမေးခွန်းထုတ်သည်။

"သူဌေးရဲ့ Thai ခရီးစဉ်မှာလက်ထောက်အနေနဲ့လိုက်ခွင့်ရမယ့်အခွင့်အရေးပေါ့ဟာ Bangkok မှာ South East Asia IT Concept ပွဲလုပ်မှာလေ သူဌေးကဒိုင်အဖြစ်အဖိတ်ခံရတယ်တဲ့"

"မိုက်လိုက်တာရော"

သတင်းထံမှ အထင်တကြီးထွက်ကျလာတဲ့အသံ...။

"အာ့တာဆို အဲ့ဒိပွဲမှာလက်ထောက်အဖြစ်လိုက်ပါရရေး ပြိုင်ပွဲလုပ်ပေးမှာပေါ့"

"အဲ့ဒိသဘောပေါ့ ပြိုင်ပွဲပံုစံအသေးစိတ်တော့ မျိုးလည်းသေချာမသိရဘူး ရှေ့ကလူအုပ်ကိုလည်းကြည့်လေ"

မျိုးပြောလိုက်မှ notice board ရှေ့မှာလူတွေစုပြုံနေသေးတာကိုလှည့်ကြည့်မိ၏။

"ဟော မစီထွက်လာပြီ"

အားလုံးသူ့ထက်ငါတိုးကြိတ်ပြီးလုဖတ်နေကြတာနှင့် ဘယ်တစ်ယောက်မှကောင်းကောင်းဖတ်လို့မရပဲဖြစ်နေတာကို မစီကအထာမကျဘူးဆိုပြီး သူမကပင်ရှေ့ဆုံးက အသံကျယ်နှင့်ဖတ်ပြနေသည်။သတင်းတို့အုပ်စု သေချာနားထောင်ဖို့အနားရောက်သွားတော့ မစီကနိဂုံးပင်ချုပ်လုနီးနေပြီ။

"ပါဝင်ယှဉ်ပြိုင်လိုသည့် မည်သည့်အလုပ်သင်ဝန်ထမ်းမဆို အောက်ပါ E mail လိပ်စာသို့ ပါဝင်ယှဉ်ပြိုင်မည့် ဇာတ်ကောင်၏ပုံချောနှင့် အသေးစိတ်အချက်အလက် ဇာတ်ကောင်၏ လုပ်ဆောင်နိုင်စွမ်း၊ background story line တို့နှင့်အတူ ပြည့်စုံစွာလျှောက်ထားနိုင်ပါသည် တဲ့ အမလေး မောတာ"

ပြိုင်ပွဲပုံစံကိုသိပြီးသွားကြမှ အားလုံးအလျှိုအလျှို လူချဲသွားကြသည်။ထိုတော့မှ မစီလည်းသတင်းတို့ကိုလှမ်းမြင်ပြီး...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Donde viven las historias. Descúbrelo ahora