[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode 41]ငါးနှစ်ဆိုသည့်အချိန်ကအရာရာကိုကုစားနိုင်သလား။ ပြီးခဲ့သည့်ငါးနှစ်အတွင်း တာယာနှင့်လေပြေကလက်ထပ်သွားကြလို့ နက္ခတ်မိုးဆိုသည့်သုံးနှစ်အရွယ်သားလေးတစ်ယောက်တောင်ရှိလေပြီ။ စက်ဆိုရင်လည်းသမီးသားတွေနှင့်ပျော်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားပြီးပြီ။ အရာအားလုံးဟာ သူ့နေရာနှင့်သူ အစီစဉ်ကျနေကြပြီ။ သူ့မှာတော့ လစ်ဟာမှုပေါင်းများစွာနှင့်တစ်ခြမ်းပဲ့အသည်းနှလုံးတစ်ခုသာရှိ၏။
"ကိုကြီး"
ပြတင်းမှန်အပြင်မှာသူ့ထက်ငါအပြိုင်စီးကျနေသည့် နွေဦးမိုးစက်တို့၏စီးကြောင်းတွေကိုသူရပ်ကြည့်နေခဲ့တာအကြာကြီး။ နေနိုင့်ခေါ်သံကြောင့်သူအနောက်လှည့်ကြည့်လိုက်သည်။
ခေါင်းအစခြေအဆုံးအနက်ရောင်တွေဆင်မြန်းထားသည့် ကိုကြီးဟာအတော်ကလေးတည်ငြိမ်နေတာသူသတိထားမိသည်။ ယောက်ျားတန်မယ့် မျက်ရည်ဝဲနေသည့်သူ့ထက်စာရင် ငါးနှစ်လုံးမာကျောပြနေသည့်ကိုကြီးရင်ထဲမှာမမြင်ရသည့်ဒဏ်ရာတွေနှင့်ဆိုတာ စူးရဲသည်ဟုထင်ရပေမယ့် ညိုမှိုင်းနေသောမျက်ဝန်းတွေကတစ်ဆင့်သူသိလိုက်၏။
"ဘွားကိုပို့ကြရအောင်ကိုကြီး ဆွေမျိုးတွေစုံကြပြီ"
"အင်း..သွားတာပေါ့"
ကလောမြို့၏ဩဇာအညောင်းဆုံးသော၊ ချစ်ကြောက်ရိုသေခံရသော၊ မေတ္တာရိပ်မြုံစံအိမ်၏အရှင်သခင် ဒေါ်စောယုမြင့်မိုရ်သည် သူမကြိုက်နှစ်သက်သော နှင်းဆီပန်းရောင်စုံတို့ကြားငြိမ်သက်စွာလဲလျောင်းနေသည်။
"သေသွားတာတောင်အိပ်ပျော်နေသလိုပဲနော်"
"ဟေ့..ဘယ်သူလဲသေသွားတယ်လို့ပြောတာ"
ဟိန်းခနဲထွက်လာသည့် ခပ်ဩဩအသံကြောင့် ဘုန်းကြီးတရားနာရန်စောင့်နေကြသည့်ပရိတ်သတ်တချို့လန့်ဖျတ်ပြီး သူ့ကိုလှည့်ကြည့်ကြသည်။
"သား..စိတ်ထိန်းစမ်း"
ဒီနှစ်တွေအတွင်းအရင်ကထက်ပိုငြိမ်သက်သွားသလို အရင်ကထက်ပိုဒေါသကြီးလာသည့်ကင်းကို ဦးရာဇကသူ့ပုခုံးတို့အားဖြစ်ညစ်သတိပေးသည်။
ESTÁS LEYENDO
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Romance[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...