Part 38: Memories bring back

3.1K 81 9
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 38]

ဒီနေ့ဟာဒုတိယနေ့။ Bonita ကိုရောက်တော့အရင်ကအငွေ့အသက်ကလေးတွေပြန်ခံစားမိသွားရသည်။ ဘွားဘွားရဲ့ဗီတိုအာဏာနှင့်ပါလာသည့်ဦးရှကမ‌ေန့ကအတိုင်းပဲထိုင်ရာမထ ဧည့်ခန်းထဲမှာလက်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေတာကြောင့် သူမခြံထဲဆင်းအချိန်ဖြုန်းနေတာပါ။ ခြံထောင့်ကတရုတ်စကားပင်အောက်ရောက်တော့လည်း မြတ်နိုးစွာထိကပ်ဖူးသည့်အနမ်းတို့ကိုသတိရစေပြန်သည်။ တချို့အမှတ်တရတွေက မှတ်မိနေသူအဖို့ လွမ်းဆွတ်ခြင်းသာဖြစ်ပေါ်စေလျက်...

"ဟေ့ ရွတ်ရွတ်"

ဟေ့လို့ခေါ်လိုက်တာပီပေမယ့် ရွတ်ရွတ်သံကတော့စုတ်သေချာမထိုးတတ်၍မပီပြင်။ အသံလာရာအရပ်ရှာကြည့်တော့လည်းဘယ်သူမှမတွေ့။ သူမနားကြားပဲမှားသလား။

"ဘာတွေရှာနေတာလဲအလှလေးက"

တဖက်ခြံက လုံးချင်းတစ်ထပ်တိုက်ကလေးမှာလူသစ်ရောက်နေတာလားလို့တွေးနေသည့်သတင်းမှာ မျက်နှာရှေ့တည့်တည့်လက်ဖျောက်တီးလိုက်သည့်ပုဂ္ဂိုလ်ကြောင့်အတွေးတို့ရပ်တန့်သွားရသည်။

"လူတစ်ယောက်လုံးရှေ့မှာထားပြီးဗျာ"

ဆံပင်ရှည်ကြီးကိုဖဲကြိုးဖြူလေးနှင့်တစောင်းစည်းထားပြီးရင်ဘက်လှလှလေးပေါ်တင်ထားသည့် ဖူးဖူးရွရွမျက်နှာလေးကိုထိုလူကစိုက်ကြည့်ရင်းပြောလိုက်တာဖြစ်သည်။

"ခုနကအသံပေးလိုက်တာရှင်လား"

"ဟုတ်တယ် ဘေ့ဘောစ်ရိုက်နေကြရင်းဘောလုံးဒီဘက်ခြံထဲရောက်လာလို့ ပိုင်ရှင်ရှိနေတာတွေ့တော့ခွင့်တောင်းပြီးရှာမလို့"

"ကျွန်မဘာ‌ဘောလုံးမှမတွေ့မိဘူး"

"အဲ့ဘက်ခြံထဲကျသွားတာကိုကျွန်တော်တော့မြင်လိုက်တယ်"

ခြံစည်းရိုးကဆေးဖြူသုတ်ထားသည့် ငါးပေကျော်ရုံရှိသောသစ်သားတံတိုင်းလေးဖြစ်တာမို့ ထိုလူကသူ့အရပ်ကြီးနှင့်တံတိုင်း‌ေပါ်မေးထောက်ရင်းပြောနေပုံက မထိတထိလေသံတွေနှင့်ဖြစ်သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now