[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 43]အချိန်အခါမဟုတ်ရွာတဲ့မိုးကိုဘယ်သူမှအလိုမရှိကြပါ။ ကားမောင်းနေရင်း လက်က omega watch ကိုငုံ့ကြည့်တော့ညနေငါးနာရီ။ သူဖုန်းထုတ်ဆက်လိုက်တော့ဖြူပြာကချက်ချင်းကိုင်၏။
"Hello"
"............"
"နာရီဝက်လောက်နောက်ကျမယ်ဖြူပြာ..အားလုံးစားနှင့်ကြပါစေ.."
"............"
"စောင့်မယ်ဆိုရင်တော့သဘောပေါ့"
မန္တလေးကိုေနနိုင့်အတွက်မင်္ဂလာလက်ဖွဲ့ဝယ်ဖို့ညချင်းဆင်းသွားပြီးမှ သောကြာနေ့မိတ်ဆုံစားပွဲအမှီသူပြန်လာနေတာကိုဒီမိုးကြောင့်နှောင့်နှေးနေခဲ့၏။
"ကျစ်"
ဒီကြားထဲအတက်လမ်းမှာ check point မိနေလို့ကားတန်းရှည်ကြီးကမိုးသည်းထဲ junk ဖြစ်နေသေးသည်။
"ဟင်"
သူမှတ်မိနေတဲ့သတင်းကတင်ပါးအောက်ဆံနွယ်ရှည်ကြီးတွေနဲ့ပါ။ ဖြတ်ခနဲမြင်လိုက်ရတဲ့ မျက်နှာလေးမှာဆံပင်ဘာရောင်မှန်းသေချာမမြင်ရပေမယ့်ပုခုံးကျော်ရုံဆံနွယ်အခွေလေးတွေနှင့်ဖြစ်သည်။ သူပဲအမြင်မှားတာလား။
ကားကရပ်ထားပြီးအထုတ်အပိုးတွေအစစ်ခံနေရတာနှင့်တူပါသည်။ ကျော်တက်လာပြီးမှ မိုးစက်တို့စီးကျနေသည့်ဘက်ခ်မှန်ထဲကပြန်ကြည့်လိုက်တော့ နောက်ကျောရေးရေးကိုသာမြင်ရ၏။ သူမများလားဆိုပြီးရှာဖွေမိနေတဲ့မျက်လုံးတို့ကိုဥပေက္ခာပြုလိုက်ကာ မောင်းနေသည့်ကားကိုအရှိန်တင်ပစ်လိုက်တော့သည်။
သတင်းကတော့မိုးရေထဲမှာအိမ်မောကျနေသည့်သမီးကိုယ်ကိုလည်းချီထားရသေးကာ check point မိနေတာကြောင့်ထွက်မရသေးသည့်သူမတို့ကားကိုပဲသဲကြီးမဲကြီးစစ်ဆေးရေးလုပ်နေတာကိုသည်းခံစောင့်ဆိုင်းနေရသည်။
"သတင်းတို့..အကိုနဲ့ကားကိုထားခဲ့လိုက်တော့..နေနိုင်ကလူလွှတ်ပြီးလာကြိုပေးမယ်တဲ့..မိုချီလေးအအေးမိသွားလိမ့်မယ်"
"ကြာဦးမှာလားဟင်ကိုမိုင်း"
"သိပ်တော့မကြာလောက်ပါဘူး..ဒါပေမယ့်..လမ်းကြောင်းရှိလို့ကားတန်းပိတ်နေတာတော်တော်နဲ့ထွက်ရမယ်မထင်ဘူး"
BẠN ĐANG ĐỌC
ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)
Lãng mạn[Unicode + Zawgyi] Genre: Romance, Action Total Episodes: 70 Start date: ? End date: 2.9.23 IT company ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ စူးရှလေးနက်နဲ့... ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မြတ်ပန်းသတင်း... သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံခဲ့ကတည်းကတိုက်ဆိုင်မှုတွေနဲ့...