-မောင်နဲ့မြ-
ကလေးတစ်ယောက်ကို ချစ်မိသွားသည့်
မြ၏ဘဝဂာ ကြည်နူးစရာ ကောင်းသည်။ပန်းခြံနားကထွက်လာရင်း စကားတပြောပြောဖြင့်ပင် ရပ်ကွက်နား မလှမ်းမကမ်းကဈေးထဲ မြနဲ့ မောင်တို့ဈေးသွားဝယ်ကြသည်။
ထမင်းပေါင်းအတွက်လိုသည့် အသီးအရွက်များနဲ့ အသားနည်းနည်းဝယ်ကာ မြတို့အိမ်ပြန်လာကြသည်။
ထို့နောက် ကုက္ကိုလ်ပင်ကြီးရှိသော ကွန်ကရစ်လမ်းမထပ်က အထပ်မြင့်တိုက်ေတွကြား ရေအိုးစင်လေး နှစ်အိုးပြိုင်ချထားသော အိမ်အပြာရောင်လေးရှေ့ မြတို့လျှောက်လာခဲ့လိုက်ကြသည်။
ထို့နောက် ခြံတံခါးသော့ဖွင့်ကာ အိမ်ထဲဝင်လိုက်ကြသည်။ မြတို့အိမ်သည် မြေစိုက်အိမ်သဘောဖြစ်သော်လည်း ဝရံတာလေးထုတ်ထားသည်။ ဝရံတာရှိ မြစိုက်ထားေသာ ပန်းအိုးလေးများက မိုးရွာထားလို့ထင်သည် အရွက်ကလေးများအပေါ် မိုးစက်လေးများတင်နေသေးသည်။
ထို့အတူ ခြံဝန်းထဲမှ မြေသင်းနံ့လေး ရနေသည်။ ထိုအခါဘေးက မောင့်ထံမှ စကားသံခပ်တိုးတိုးလေး ထွက်လာပါသည်။
"မြ မောင်လေ မြအိမ်မှာပဲနေချင်တယ် သိလား"
×××
ကပ်ချွဲနေသော မောင့်ကို အိမ်ထဲခေါ်ကာ မြတို့ ခဏနားကြသည်။ ထို့နောက် ခဏနားပြီးမှ မောင်က အပြုံးကြီးကြီးပေးကာ အားရစွာပြောလာပါသည်။
"ကဲ မြ မောင် မီးဖိုချောင်ဝင်တော့မယ်နော် ဒီကမောင့်ရဲ့မြလေးက ရေသွားချိုး ပြီးရင်အတူစားကြမယ်"
ဟုမောင်ကပြောကာ ဝယ်လာသည်များကို မပြီးမီးဖိုချောင်ထဲ အမြန်ပြေးကာ လုပ်ငန်းစပြီဖြစ်သည်။
မောင်ကတော့ တကယ့်စိတ်မြန်လက်မြန်ကလေး ဟုေတွးရင်း မောင့်ကျောပြင်လေးကိုကြည့်ကာ ရင်ထဲအမည်မသိ အမောပြေရပါသည်။
မောင်သည်လည်း မြအတွက်မီးဖိုချောင်ဝင်မည်ဆိုတော့ မောင်မပျင်းရအောင် မြ၏ ဖုန်းထဲက ဇော်ဝင်းရှိန်၏ albumတစ်ခု ဖွင့်လိုက်တော့ တိုက်ဆိုင်စွာနှင့်ပင်....။

YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...