-အာရုံခံစားမှု-
လွင်သည် မျက်လုံးတို့ကို ဖြေးညင်းစွာဖွင့်လိုက်ပြီး ပြတင်းပေါက်နားက ၂၅နှစ် အမျိုးသမီးကို ခပ်ငြိမ်ငြိမ်လေး စောင်းကြည့်နေမိတယ်။
လေအဝေ့တိုင်းမှာ ပါလာတတ်တဲ့ စံပယ်ပန်းလို အနံ့သင်းသင်းလေးနဲ့ အမျိုးသမီးရဲ့အနံ့လေးကိုတော့ လွင်ရင်းနှီးနေပါတယ်။
စံပယ်ပန်းလားတော့ လွင်သေချာမသိပင်မဲ့ အနံ့လေးကတော့ လွင့်ရဲ့ ဟာတာတာနှလုံးသားကို နှစ်သိမ့်ပေးနေတယ်လို့ ခံစားရတယ်။
လွင့်ရဲ့ အတွေးထဲ ခပ်စစလေးပြုံးနေတဲ့အမျိုးသမီးကို ပြန်ပြီးငေးနေရတာ ပျော်စရာတစ်ခုလို့ ခံစားနေရတယ်။ အခုမှမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ပင်မဲ့ ဒီအမျိုးသမီးက သိပ်လှတဲ့အမျိုးသမီးဆိုတာတော့ လွင်လက်ခံတယ်။
ခပ်ရို့ရို့လေးဖြစ်နေတဲ့ ဆံနွယ်တွေ။ ခပ်စစလေးချီထားတဲ့ နှုတ်ခမ်းက အပြုံးတွေ။ နှင်းဆီပွင့်တွေလို နူးညံ့နေပုံပေါ်တဲ့ပါးမို့တွေနဲ့ ၂၅နှစ်အရွယ်အမျိုးသမီးက နှင်းဆီခိုင်နဲ့လဲတူနေတယ်။
မာနကြီးမဲ့ပုံလို့လဲ လွင်ယူဆမိတယ်။ အဲ့အမျိုးသမီးရဲ့မျက်ဝန်းတွေထဲမှာ လွင်မဖြေနိုင်တဲ့ မာနတရားတွေကို လွင်မြင်နေရတယ်။
မာနနဲ့တစ်ခုခုကိုလွန်ဆွဲနေတဲ့ အမျိုးသမီးရဲ့ပုံရိပ်လေးကို လွင်မြင်နေရပါတယ်။
×××
'ညီမလေး'ဆိုတဲ့ အသုံးအနှုန်းနဲ့ အစချီပြီး လွင်နိုးလာတာမြင်တဲ့ အမျိုးသမီးက လွင့်အနားလာထိုင်ပြီး တစ်ခုခုစားချင်လား မေးနေတယ်။
လွင်ကတော့ ဘာမှာစားချင်စိတ်မရှိပင်မဲ့ လွင့်အနားေရာက်တိုင်း စိုးရိမ်စိတ်တွေပြည့်ေနတဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းလဲတတ်တဲ့ ဒီအမျိုးသမီးကြောင့် ပါးစပ်ထဲပေါ်လာတဲ့ ကြာဆံပြုတ်ကို စားမယ်လို့ပြောလိုက်တယ်။
ထူးထူးဆန်းဆန်းပါပဲ။ လွင့်အတွက် ဒီအမျိုးသမီးက ရင်းနှီးသယောင်လေး ခံစားရပါတယ်။
ဆယ့်ငါးမိနစ်လောက်အကြာမှာ အမျိုးသမီးကပြန်ရောက်လာတယ်။ လက်ထဲမှာလဲ အငွေ့လေးတွေထနေတဲ့ ကြွေပန်းကန်လုံးလေးကိုလဲ ဂရုတစိုက်လေးကိုင်ပြီး ကုတင်ဘေးကစင်မှာခဏတင်လိုက်တယ်။ ပြီးမှ လွင့်ကုတင်က ခုံကိုခင်းပြီး သူမဟာ ပန်းကန်လုံးလေးကို ခုံပေါ်တင်လိုက်ပြီးထွက်သွားဟန်ပြင်ပြီးမှ လွင့်ကို ယတိပြတ်မေးတယ်။
YOU ARE READING
Mya
Roman d'amourမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...