[Final Extra]

5.2K 179 12
                                    

-မင်းသိအောင် ကိုယ်ထုတ်ပြောမယ်-

ရန်ကုန်မြို့ထဲရှိ ဆေးရုံခန်းလေးထဲတွင် မိန်းကလေးတစ်ဦးသည် ကြောင်အစွာဖြင့် မယုံနိုင်‌ေသာ အကြည့်များဖြင့် ငုတ်တုတ်ထိုင်နေသည်။

"မြက အဲ့ကောင်လေးကြောင့် စိတ်ကျသွားဖူးတာ လွင်မသိဘူးမလား"

"ဟင့်အင်း မြက ဒီတိုင်း လွင်နဲ့ပုံမှန်ပဲစကားပြောနေခဲ့တာ"

ရီသည် သပ်ပြင်းချလိုက်သည်။

"မြကလေ အိပ်ရေးပျက် အစားမဝင်အဲ့လိုတွေအထိဖြစ်ခဲ့တာ အဲ့ကြားထဲကနေ လွင့်ကို ပြန်ပြီးအဖြေပေးခဲ့တာ မြက လွင့်ကိုချစ်လို့ပေါ့ကွယ်"

လွင်သည် တိတ်ဆိတ်စွာဖြင့် ခေါင်းငြိမ့်မိသည်။

မြသည် လွင့်အားတစ်ခါမျှ ပင်ပန်းကြောင်းမဖော်ပြခဲ့။ မြသည် လွင့်ကို အမြဲပြုံးပြသည်။ အမြဲဂရုစိုက်သည်။ အမြဲတမ်းခိုးနားရာတစ်ခုဖြစ်နေခဲ့သည်ကို လွင်ကသေချာသတိမထားမိခြင်းပင် ဖြစ်ခဲ့ပါလိမ့်မည်။

"ရီ လွင့်ကိုဖုန်းခဏ"

×××

-If it's not u it's not anyone-

မြသည် ဘုရားထောင့်တွေ ငုတ်တုတ်‌ေလးထိုင်ကာ ပတ်ဝန်းကျင်ကို‌ေငးနေသည်။

အမှန်တိုင်းဝန်ခံရပါလျှင် မောင့်ကိုမြသတိရလွန်းနေပါသည်။ စိတ်မကောင်းဖြစ်မိတဲ့အခါတိုင်း ရင်ထဲနေလို့မကောင်းသည့်အချိန်တိုင်း မောင့်အပြုံးလေးများမြင်လိုက်ရလျှင် နေလို့ထိုင်လို့ ကောင်းသွားမှာ သေချာသလောက်ရှိပါသည်။

"တီ-"

မြသည် ဖုန်းသံမြည်လာ၍ ကြည့်လိုက်တော့ ရီဖြစ်နေသည်။

"ဟယ်လို"

"ဟယ်လို"

မြသည် ပြောစရာမလိုအောင်သိသည်။ ဤအသံပိုင်ရှင်လေးသည် သူမ၏ပျော်ရွှင်မှုလေး။

"ဟယ်လို"

"ဟယ်လို"

"မောင် မြကို မုန်းနေတာဆို"

"မဟုတ်ပါဘူး တကယ်တော့ မောင်တောင်းပန်ပါတယ်..နားလည်မှုမပေးမိခဲ့လို့"

MyaWhere stories live. Discover now