အပိုင်း-၂၇

1.7K 116 4
                                    

-ပွေ့ဖက်ခြင်း-

မြသည် ပြတင်းပေါက်နားတွင် ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ငိုနေသည်။ ကုတင်ပေါ်တွင် ထိုင်နေသော လွင်သည် မြအား လေးပင်စွာ သက်ပြင်းချရင်း ငေးကြည့်နေမိသည်။ သို့သော် လွင်တစ်ယောက်မနေနိုင်ပါ။ မြရှိရာသို့ ဆေးချိတ်ထား‌ေသာတိုင်အားကိုင်ကာ ဖြေးဖြေးခြင်းသွားလိုက်သည်။

ထို့နောက် မြအနားဝင်ထိုင်ကာ စကားနည်းနည်းစလိုက်သည်။

"မြ အရမ်းပင်ပန်းခဲ့မှာပဲနော်"

လွင့်၏လက်‌ေမာင်းတို့သည် အပ်စိုက်ထားသောလက်ဖျံ‌ကြောင့် လှုပ်မရဖြစ်နေသော်လည်း မြအားခပ်ဖွဖွလေးဖတ်ထားသည်။ ထို့နောက် နာနေသော်လည်း အောင့်ကာ မြ၏တသိမ့်သိမ့်တုန်‌ေသာ ကျောပြင်ငယ်အား ပုတ်ပေးနေမိသည်။

လွင်သည်လည်း ကိုယ့်ကိုကိုယ်နားမလည်နိုင်ပါ။ လက်ကိုလှုပ်တာများသွား၍ ကျွတ်ထွက်‌သွားသော အပ် ပြန်စိုက်ထားသဖြင့်လှုပ်မရအောင်နာနေသော‌်လည်း ယခုမှု ရင်ခွင်ထဲက အမျိုးသမီး၏မျက်ရည်များသည် ပို၍ပင် နာကျင်စရာကောင်းနေသည်။

မြသည် လွင့်အားပြန်ဖတ်ထားသည်။ လက်သွယ်သွယ်ကလေးများသည် လွင့်၏ဆေးရုံအကျီအား တင်းကြပ်စွာဆုတ်ကိုင်ထားသည်။

"မြ လွင်က အရင်ကဘယ်လိုလဲဟင်"

မြသည် ပိုပိုပြီးငိုလာသဖြင့် အငိုတိတ်အောင် စကား‌လမ်းကြောင်းရှာလိုက်သည်။ သို့သော် မြသည် အငိုမရပ်။

တအောင့်ကြာမှ မြထံမှ စကားသံလေးထွက်လာသည်။

"မောင်က..နေအုံး မြက မောင်လို့ခေါ်လို့ရသေးရဲ့လားကလေးရယ်"

မြသည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းညိုကလေးများဖြင့် လွင့်အားမော့ကြည့်လာသည်။ သိပ်ကိုမြတ်နိုးချင်စရာကောင်းသော အမျိုးသမီး၏ပုံရိပ်ကလေးသည် နာကျင်စရာကောင်းသော အသံတိမ်တိမ်ကလေးနှင့် လွင့်ကိုမေးလာသည်။

"လွင်-"

မြကိုသနားမိပါသည်။ သို့သော်..။

"မရဘူးလားဟင်"

"မဟုတ်ဘူး-!!!"

"မြ မြ မောင့်အနားတိုး ဓာတ်ပုံရိုက်ကြမယ်လေ"

MyaWhere stories live. Discover now