(Extra-3)

2.1K 112 7
                                    

-စုန်းမ ရင်ခုန်သံ-

မြသည် နားရွက်ချိတ်မတက်ပြုံးကာ ပြေးလာနေသော ကလေးမကို ကြည့်ပြီးခေါင်းခါမိသည်။

"ဖြေးဖြေးပြေး ချော်လဲရော့မယ်"

မြသည် ခပ်အုပ်အုပ်လေးဖြင့် သတိပေးရင်းနဲ့ပင် ကလေးမသည် မြအနားရောက်လာပြီဖြစ်သည်။

"ဟီး မြ ရောက်တာကြာပြီလား"

"မကြာသေးပါဘူး"

"ဒါဆို အခုဘာလုပ်ကြမလဲ"

"မနက်စာသွားစားကြတာပေါ့"

"ဟီး ဒါဆို ၃၇လမ်းကဆိုင်ပဲသွားမယ်"

"ကောင်းပြီ ကားပေါ်တက်"

မြ၏ကလေးမသည် ယနေ့မှ မြင်သာအောင်ပို၍ကြည့်ကောင်းနေသည်။ ပို၍ချစ်စရာလည်းကောင်းနေသည်။ ပို၍လဲ နှလုံးသားထဲ ဝင်ရောက်နေသည်။

မြသည် ကလေးမနှင့်အတူရှိနေသည့်အချိန်တိုင်း“ပို၍”တွေများလာသည်။

ဤသည်မှာ မောင့်အား လောဘတက်မိလာခြင်းပင်ဖြစ်ပါလိမ့်မည်။

×××

"အန်တီ ဒီနေ့လဲ တို့ဟူးနွေးပဲ"

"မမမြကရော ဘာစားမလဲ"

"မောင်စားချင်တာမှာလိုက်လေ"

"ဟုတ်ပြီ ဒါဆိုရင်ဖက်ထုတ်ပြုတ်နဲ့ ရှမ်းခေါက်ဆွဲပေးပါ"

မြသည် Menuစာရွက်အနီ‌ေလး‌ေပါ် ပြေးလွှားနေသော မောင့်လက်ကလေးထောက်ကာထောက်ကာဖြင့် မှာနေပုံကိုကြည့်ပြီးအသည်းယားမိသည်။

မောင်ကတော့ မြကို ကလေးမဟုတ်တော့ဘူး။ လူကြီးဖြစ်နေပြီဟု ပြောနေသော်လည်း မြ၏စိတ်ထဲတွင်တော့ မောင်ဟာ ၁၈နှစ်ကလေးမလေးပင် ဖြစ်နေသေးပါသည်။

"မြ ဘာတွေစဉ်းစား"

"ဘာရယ်တော့မဟုတ်ပါဘူး မြလည်းအသက်ကြီးလာပြီထင်လို့"

"ဟင် မြကအခုမှ၂၀ကျော်ပဲရှိသေးတာ ငယ်ပါသေးတယ်မြရဲ့"

"ငယ်သာငယ်တာ မလှတော့ဘူးမလား"

"ဘယ်လိုတောင်လဲမြရယ် မြကလှလွန်းလို့ မောင့်မှာ ဖွက်ထားချင်‌ေနတာကို"

MyaWhere stories live. Discover now