အပိုင်း-၁၉

1.7K 108 2
                                    

-ကစားပွဲ-

မြသည် စိတ်အားအတတ်နိုင်ဆုံး လျော့ချကာ မျက်နှာအား ပြန်ပြုံးလိုက်ရင်း လွင့်အခန်းတံခါးအားဖွင့်လိုက်သည်။

တံခါး ကိုဖွင့်လိုက်သည်နှင့် မုန့်ထုတ်နှင့် အသီးခြင်းကို စပ်စုနေသည့် ကလေးမအားတွေ့လိုက်ရသည်။ ထို့ကြောင့်ခေါင်းထဲမေးခွန်းများပေါ်လာသည်။

ကိုမင်းအောင်သည် လွင့်အားတစ်ခုခုများပြောသွားလေသလား။

မြသည် အလောတကြီးဖြင့် လွင့်အနားသွားလိုက်သည်။

"လွင် ဒီထဲဘယ်သူလာသွားသေးလဲ"

"ကိုခန့်ပါ ကိုခန့်နဲ့အကိုကြီး"

"ဟင် ဘယ်သူကအကိုကြီးလဲ"

"အစ်မက ရီရဲ့သူငယ်ချင်းမဟုတ်ဘူးလား ရီမပြောပြဘူးလား"

"ဟင့်အင်း ဘယ်သူလဲ လွင့်ရဲ့အကိုက"

"အကိုကြီးက လွင်တို့နဲ့အတူမနေဘူးလေ သူ့ဘာသူသီးသန့်နေတာ နာမည်ကမင်းအောင်တဲ့"

မြသည် အရုပ်ကြိုးပြတ်သဖွယ် ကြမ်းပြင်ပေါ်ပုံကနဲထိုင်မိသည်။

'ဒါဆိုရင် ဒါဆိုရင် မုန်းစရာကောင်းလိုက်လေခြင်း'

ယခုမူ ကိုမင်းအောင်သည် မြအတွက် ယခုအလွန်မုန်းတီးရသော အမျိုးသားတစ်ဦးပင်ဖြစ်သည်။ ညီမရဲ့အသည်းနဲ့ သူချစ်ပါတယ်ဆိုတဲ့မိန်းမရဲ့နှလုံးသားတွေကို မီးရှို့သည့် အောက်စီဂျင်လိုအမျိုးသားပင်။

"တီ တီ-"

"အစ်မ အစ်မ..မြ မြ-"

"ဟင်"

"ဖုန်းလာနေတယ်"

×××

မြသည် ဖုန်းအားကိုင်ရန် ဆေးရုံခန်းထဲမှထွက်သွားလိုက်ကာ ဝရံတာအနားပြန်ရောက်လာသည်။ ဖုန်းဆက်သည့်သူဟာ တခြားသူမဟုတ် အမေတို့ပင်ဖြစ်သည်။

"ဟယ်လို"

"မြ နင်ရူးသွားတာလား"

"ဘာလို့များလဲ"

"ဟိုကောင်လေးကပွဲဖျက်မယ်တဲ့ ငါကတော့ တစ်ရပ်ကွက်လုံး တစ်မျိုးလုံးကိုကြေညာထားတာ နင်ကမိဘမျက်နှာအိုးမဲသုတ်မလို့လားဟမ်"

MyaWhere stories live. Discover now