"နားခိုရာ"
"ဟိတ် တို့ကိုကြည့်ရတာ ခေါင်းမကိုက်ဘူးလား"
ဆိုပြီးဖွင့်လာတဲ့မျက်ဝန်းညိုတွေက သံလိုက်ဓာတ်တွေပါနေသလိုမျိုး လွင်ဟာတဖြေးဖြေးအနားကပ်မိသွားတယ်။
အသက်တစ်ခါ ထပ်ရှူလိုက်တာနဲ့ နီးကပ်သွားတော့မဲ့ နှုတ်ခမ်းကို လွင်ငေးကြည့်နေမိတယ်။ နှုတ်ခမ်းပိုင်ရှင်ဖြစ်တဲ့ မြဟာလည်း ခပ်ငြိမ်ငြိမ်ဖြစ်သွားတယ်။
အကွာအဝေးလေးတစ်ခုစာပဲ ခြားတော့တဲ့နှုတ်ခမ်းတွေဟာ ထိမယောင်နဲ့ ပြန်ဝေးသွားကြတယ်။
"အမ်း မမူးပါဘူး ဒီတိုင်းအားနာလို့မနိုးတာ"
"အော်... အင်း..အင်း "
မြကိုလွင်မရဲတရဲ ခိုးကြည့်လိုက်တဲ့အချိန်မှာ မြဟာ လွင့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီးပြောလာတယ်။
"အခွင့်အရေးရတုံး ယူ နောက်ဆို ဒီအကွာအဝေးေတွဖြစ်လာမှာ မဟုတ်တော့ဘူး အဝေးဆုံးအထိ ဝေးသွားလိမ့်မယ် လွင်"
"ဘာကိုပြောချင်တာလဲ မြ မောင်-"
"ဟင်"
"မဟုတ်ဘူး ပါးစပ်ကသူ့ဟာသူထွက်သွားတာ"
"အင်း တို့ ခဏဖုန်းသွားပြောအုံးမယ်"
ဒီလိုနဲ့ အနီရောင်ဆိုဖာလေးပေါ်မှာ လွင့်တစ်ယောက်ထဲကျန်ခဲ့လေတယ်။ ခပ်တွေတွေနဲ့မြရဲ့ကျောပြင်ကိုငေးရင်းနဲ့ လွင်ဟာ အတွေးတွေများလာတယ်။
'မြဟာဘာကိုဆိုလိုချင်တာပါလိမ့်-'
×××
မြသည် ဖုန်းအားခပ်ကျစ်ကျစ်ဆုတ်ထားကာ အနီးအနားရှိ ဝရံတာနားက ခုံတန်းလေးပေါ်သွားထိုင်လိုက်သည်။ မြ၏တင်းထားသော မျက်ဝန်းတို့မှ မျက်ရည်များစီးကျလာသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေရသည်မှာအလွန်ပင် ပင်ပန်းလှသည်။
မောင်သည် မြအားမမှတ်မိရလောက်အောင် မြအား မုန်းသွားသည်လား။ မြအား မောင်မထွက်သွားခင်က ပြောဖူးသည့်စကားအားပြန်အမှတ်ရသည်။
မြကိုမုန်းတယ်ဆိုတဲ့စကား။ မြသည်အခန်းထဲရောင်နေခဲ့သော်လည်း မောင့်၏ကြေကွဲသံတို့စွတ်နေခဲ့တဲ့ ဒီစကားကိုတော့ သေချာကြားခဲ့ပါသည်။
![](https://img.wattpad.com/cover/334310950-288-k619904.jpg)
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...