အပိုင်း-၅

2.9K 149 2
                                    

-အတိတ်-

မြ၏ ဘဝတွင် အံ့ဩစရာဖြစ်ရပ်များကြုံခဲ့ရပါသည်။ မိသားစုတွင်တစ်ဦးတည်းသော ကလေးမို့ ငယ်စဉ်ထဲက စာကြိုးစားရသည်။ မိဘတစ်ခွန်းဆို တစ်ခွန်းလိုက်နာခဲ့သည့်အပြင်​မြ၏ဘဝတွင် စောဒက တက်ပိုင်ခွင့်မရှိသလို မြဟာလည်း ဤထောင်ထဲမှ ရုန်းမထွက်ခဲ့ပါ။

မြ၏ ကောလိပ်တက်စဉ်တွင် သူငယ်ချင်း၏ ညီမလေးအား ဂိုက်ပြပေးရသည်။ ကလေးသည်  ဉာဏ်ကောင်းပြီး သွက်လက်သည်။ သို့သော် ဂျစ်ကျပါသည်။

မြသည် ထိုကလေးအား ကိုးတန်းမှ ဆယ်တန်းအထိ စာသင်ပေးရသည်။ ထိုကလေးမလေး၏အမည်မှာ လွင်ပင်ဖြစ်သည်။

လွင်သည် မိသားစုထဲတွင် အချစ်ခံကလေးမ‌ေလးပင်ဖြစ်ပါသည်။ ဂျစ်ကျသော်လည်း လိမ္မာပါသည်။ အပြောအဆိုတက်သောကြောင့်လူချစ်လူခင်ပေါသည်။ ကလေးမလလွင်သည် ဆယ်တန်းအောင်သည့်အခါ ဂုဏ်ထူး၂ဘာသာပါသည်။

ထိုစဉ်က လွင်သည် မြအား တိုးတိတ်စွာဤသို့ပြောပါသည်။

"မမမြ လွင်လေ ဂုဏ်ထူးက နှစ်ဘာသာမဟုတ်ဘူး သုံးဘာသာရတာမမမြရဲ့"

"ဟင်"

"ဟုတ်တယ် တစ်ဘာသာက အချစ်ရေးမှာရတာ မမမြမသိဘူးမလား"

"ဟောတော် မှန်းစမ်း ဘယ်လိုလုပ်ရသွားတာလဲ"

လွင်သည် ရီပါသည်။ ထို့နောက်မြအားလက်ညိုးထိုးကာ ခပ်ဖွဖွလေးပြုံးရင်‌းဖြေသည်။

"မမမြကိုချစ်ရင်း ရလာတာ"

×××

မြသည် မိုးစက်များအောက်တွင် ဆွံ့အစွာဖြင့် မတ်တပ်ရပ်နေပါသည်။ တဖြေးဖြေးဝေးကွာသွားသည့် မောင့်၏ကျောပြင်ကိုကြည့်ကာ မျက်ရည်ပူများ လိမ့်ကနဲကျလာသည်။

မြသည် မောင့်အား ဘာကြောင့်မတားခဲ့ရသနည်း။

မြသည် မောင့်အား သံယောဇဉ်ရှိသည်။ ချစ်သည်ဆိုတာထပ် မောင့်အား သွေးကြောထဲအထိ ရစ်ပတ်နေသဖွယ် ခံစားရသည်။ မြ၏နှလုံးသားတစ်ခြမ်းဟာ မောင်ဖြစ်ပြီး ယခုမ‌ှု မောင်သည် မြကြောင့်ပင် ထွက်သွားခဲ့လေသည်။

"ကျွန်မ..မောင့်ကိုမချစ်တာမဟုတ်ဘူး"

"ဒီတိုင်း ဒီတိုင်း..."

MyaWhere stories live. Discover now