(Extra-1)

2.8K 122 4
                                    

-‌ေထွး‌ေပွ့ခြင်း-

မြသည် မောင့်၏
lilacပန်းလေးပင်ဖြစ်ပါသည်။

"တီ တီ-"

မြ၏ဖုန်းထဲသို့ messageပေါင်းများစွာ ဝင်နေသည်။ အလုပ်က သူဌေး၏ ခွင့်‌ရက်ရှည်ပေး‌ကြောင်းပြောထားသော messageများနှင့်အတူ ရီ့ဆီမှပေးပို့လာသောစာများလဲပါလာသည်။

ရန်ကုန်မြို့၏ ရာသီဥတုသည် ခံမှန်း၍မရနိုင်ပါ။ ဆေးရုံမှမြထွက်လာခဲ့သော အချိန်တွင်နေပူနေခဲ့ပြီး မြို့အထွက်နားတွင်မူ မိုးစက်လေးများ ကားမှန်ကို လာလာရိုက်ခတ်နေသည်။

ရန်ကုန်က မြို့အထွက် လမ်းမကြီးကား လူမရှိသူမရှိ ခြောက်ကပ်နေသည်။ ခရီးသွားကားများလဲမရှိ။ ကုန်တင်ကားများလဲမရှိ သို့မဟုတ် မြ၏ သတိမရှိသော အခြေအနေကြောင့် ကားလမ်းမဘေးက အိမ်ကလေးများနှင့် မိုး‌‌ေရထဲပြေးလွှားနေသော ကလေးများကို မမြင်မိတာလည်းဖြစ်နိုင်ပါသည်။

ထို့နောက် မြသည် ကားကိုအာရုံပြန်စိုက်ရင်းမောင်းတော့ ကားပြတင်း‌ေပါက်ကနေ ရီမော‌ကာ ဆော့နေကြသောကလေးများ၏ အသံလေးများကိုကြားလိုက်ရသည်။

"မြ ကလေး‌ေတွချစ်လား"

"ဘာလို့လဲ"

"မဟုတ်ပါဘူး မောင့်ကိုမြက အမြဲကလေးမ ကလေးမနဲ့ဆိုတော့ ကလေးချစ်တာလားလို့"

"မြ မောင့်ကိုချစ်တယ်ပြောမိလို့လား"

မြ၏စကားသံအဆုံးတွင် မောင့်၏မျက်နှာကလေးညိုးကျသွားကာ အသံတိတ်သွားသည်။ ထိုချိန် waiterလေးလာချပေးသော latteခွက်လေးကို မွှေကာ တိုးတိုးလေးမေးလာသည်။

"မြကမောင့်ကို အပျော်ကြံနေတာလား"

"အပျော်ကြံရအောင် မြက အားသလား"

မြ၏ခတ်ပြတ်ပြတ်စကားကိုကြားမှ လွင်တစ်ယောက် ခေါင်းငြိမ့်မိသည်။

ဟုတ်သည်လေ မြကအားတဲ့လူမှမဟုတ်တာ။ စာရင်းတွက်လိုက် သူများကိုခိုင်းလိုက်နဲ့ အလုပ်မှာတော်သည့် မန်နေဂျာမမပင်မလား။ ဘယ်လိုလုပ်အားမလဲ။

"ဒါဆို မြ မနက်ဖြန်ရောအားလားဟင်"

"မနက်ဖြန်... Christmasနေ့မလား"

MyaWhere stories live. Discover now