-ဖွင့်ဟခြင်း-
"ဟိတ် ဖြေလေ ဘာလို့-"
"အိုး လွင် အိပ်တော့မယ်"
"ဒီကလေးကတော့နော့် ဖြေအုံးလေ"
"မြကိုချစ်လားလို့"
မြသည် ကုတင်ဘေးနားထိုင်ကာ စောင်ခေါင်းမြီးခြုံ အိပ်နေသော ကလေးနား ထိုင်ကာစနေမိသည်။ သို့သော် မြ၏စိတ်ထဲတွင် လေးလံမှု တချို့ကျန်နေပါသေးသည်။
မြသည် လွင့်၏မှတ်ဉာဏ်ထဲတွင် မောင့်၏မြ မဟုတ်တော့။ အသိအစ်မတစ်ယောက်အဖြစ်သာရှိနေသည့် အနေအထားပင်။
မြသည် စည်းကျော်သင့်သည်လား။ တဖြေးဖြေးဝေခွဲရန်လိုအပ်လာသည်။ မြအား မောင်သည် ယခင်ကလို ချစ်ပေးမည်လား။ မြသည် ယခုမှု အတွေးများရပြန်ပါသည်။
ယခုလို အထိအတွေ့သာယာမှုကြောင့်နှင့်တော့ မြအား မောင့်ကိုမချစ်စေချင်ပါ။
ဧပရယ်လက ပိတောက်တစ်ခတ်ကြောင့် ချစ်ခဲ့မိတဲ့ ဖြူစင်မှုလေးတွေနဲ့ပဲ မောင့်အား ပြန်ချစ်ချင်ပါသည်။
×××
"အစ်မ ခုနကလေ ယောက်မဆိုတာကြီးက-"
"အင်း ဆက်မေးလေလွင်"
"မဟုတ်ေသးဘူး ခဏလေး"
လွင်တစ်ယောက် မြထိုင်နေရာ ပြတင်းပေါက်နားက ဆိုဖာလေးအားငေးပြီး တစ်ခုခုကို ရင်ထဲမှာ ခံစားလာရတယ်။ တစ်ခုခုကိုမေ့နေသလိုမျိုး၊ တစ်ခုခုကို သတိရသင့်သလိုမျိုး။
"အစ်မ အကိုနဲ့- အကိုနဲ့ လက်ထပ်ဖို့လုပ်ထားတာလား ယောက်မဆိုတော့"
လွင့်အသံဟာ တုန်တုန်ယင်ယင်ဖြစ်နေတယ်။ မရဲတရဲနဲ့ မေးလိုက်ရတဲ့ မေးခွန်းတစ်ခွန်းက ရင်ထဲဆူးတစ်ချောင်း စိုက်သွားသလိုမျိုး နာနေရပြီး တနှံ့နှံ့နဲ့ ထုတ်မပစ်နိုင်တဲ့ ဆူးလိုပဲ။
"မဟုတ်ပါဘူး မြ ငြင်းလိုက်တယ်လေ"
"ဟင်"
"အင်း မြ ငြင်းလိုက်တယ် ကိုမင်းအောင်ကို"
"ဘာလို့လဲ အကိုက လူကောင်းတစ်ယောက်ပါ မြနဲ့ သင့်တော်ပါတယ်"
လွင့်ရဲ့စကားအပြီးမှာ မြဟာ ပြတင်းပေါက်နားကနေထလာတယ်။ လွင့်ရဲ့ဘေးနားထိုင်ချလိုက်ပြီး လွင့်ရဲ့လက်ကို ခပ်ဖွဖွလေးကိုင်လာတယ်။ အကြိုက်ဆံုးအရာေလးကို ကိုင်ထားရသလိုမျိုး တယုတယနဲ့ မြတ်နိုးခြင်းအပြည့်။
လွင့်ရဲ့ ဘယ်ဘက်ရင်အုံကနေ ရင်ခုန်သံလေးစည်းချက်ကျကျလေးထွက်လာတယ်။
"မြမှာ ချစ်ရတဲ့ ကောင်မလေးရှိလို့လေ"
"ဟင် ကောင်မလေး-"
"မြက သူ့ကိုမောင်လို့ခေါ်တယ် မောင်ကပဲ မြနဲ့သင့်တော်တာကလေးမရဲ့"
"အခု အဲ့မောင်ကဘယ်မှာလဲဟင်"
မြသည် လွင့်အား တွေတွေလေးငေးကာ ပြောလာသည်။
"မောင်က မြကိုမုန်းသွားပြီ"
"ဟင်"
"ရိုးရှင်းပါတယ် မြက ချစ်တာကို ထုတ်မပြောခဲ့လို့ပေါ့ ကလေးရယ်"
"အို-"
လွင့်ရှေ့ကအမျိုးသမီးရဲ့ မျက်ဝန်းညိုတွေကနေ မျက်ရည်တွေစီးကျလာတယ်။ မျက်ခုံးနှစ်ခုကိုကျုံ့ပြီးငိုနေတဲ့ အမျိုးသမီးရဲ့ပုံရိပ်လေးကိုကြည့်ရတာ ဝမ်းနည်းစရာကောင်းတယ်။
"မြ အမှားမဟုတ်ပါဘူး တစ်ဖက်လူက အရမ်းမျှော်လင့်ပြီး အတွေးများတဲ့လူမို့လို့နေမှာပေါ့ မြ မမှားပါဘူး"
မြသည် အမှန်တရားပင်ဖြစ်သည်။
"လွင်ဆိုရင်ရော မြကိုမုန်းမှာလား"
'မုန်းစရာလား အမျိုးသမီးရယ်'
"မမုန်းရက်ပါဘူး လွင်တော့ မြကိုမုန်းမရပါဘူး"
"ဒါဆိုရပြီ လွင်မမုန်းရင် ရပါပြီ"
လွင့်ရဲ့လက်ကိုခပ်ဖွဖွလေးနမ်းတဲ့ မြ။ လွင့်ရဲ့ ဆံပင်တွေကိုသပ်တင်ပေးရင်း ပြုံးနေတဲ့မြ။
သိပ်ကိုလှတယ်။ မြရဲ့အပြုံးတိုင်းဟာ သိပ်ကိုလှတယ်။ ညနေဘက် နေရောင်လေးအောက်မှာ ပြတင်းပေါက်ကိုကျောပေးပြီးထိုင်နေတဲ့ မြရဲ့ပုံရိပ်လေးဟာ ချစ်စရာပါပဲ။
သဘောကျရာကနေ မြဆိုတဲ့အမျိုးသမီးကို အခုတော့ လွင် ချစ်မိနေပါရောလား။
----------------------------------------------------------
#TBCShung
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...