အပိုင်း-၂၃

2K 130 2
                                        

-မြရဲ့မောင်-

မြသည် အသက်ကို ပြင်းစွာရှုလိုက်သည်။ လွင် ယခုလိုမေးလာမည်ကို သိသော်လည်း မြတ‌ွင် လက်တလော ဖြေစရာအဖြေမရှိနေပါ။ ထို့ကြောင့် မကြားချင်ယောင်ဆောင်ပြီးပြတင်းပေါက်တံခါးအား‌ သွားစေ့ထားလိုက်သည်။

"မြ ‌လွင်မေးနေတယ်လေ"

"မြ မဖြေချင်ဘူး"

"...ဘာလို့လဲ မြအတွက် မကောင်းတဲ့ဆက်ဆံရေးဖြစ်ခဲ့လို့လား"

"မဟုတ်ဘူး မဟုတ်ဘူး ဒါတော့မဟုတ်ဘူးကလေးရယ်"

"လွင်ရှိနေတယ်ဆိုတဲ့ အသိလေးကတောင် မြကို နွေးထွေးမ‌ှုလေးတွေ ပေးနိုင်တဲ့အထိပါပဲ မကောင်းတဲ့ ဆက်ဆံရေးဆိုတာ ဟိုးအဝေးမှာပေါ့ ကလေးရဲ့"

မြသည် ပြတင်းပေါက်နားမှတဆင့် လွင့်ကုတင်အနားလျှောက်သွားသည်။ ညဘက်လေးခဏတာ မြသည်ဆံပင်တွေကို ဖြန့်ချထားသည်။

မြ၏မျက်ဝန်းညိုများသည် ယနေ့ညတွင် တောက်ပလျက်ရှိသည်။ ညို့ယူနိုင်သောအစွမ်းများသိမ်းဆည်းထားသည့် ဖန်လုံးငယ်လေးနှင့်ပင် ဆင်သယောင်ယောင်ရ‌ှိပါသည်။

"လွင်သိချင်ရင် မြပြောပြမယ်"

×××

"မမမြ ဗျိုး မမမြရှိလား"

"ဟောတော် ဉပုပ်နေ့မနက်အစောကြီးဘာလာလုပ်တာလဲ ကလေးမရဲ့"

"ယတြာယာ လာချေတာ"

"ဟင်"

"အာ မဟုတ်ဘူး မမမြအိမ်မှာ မမမြကိုကြည့်ပြီး မေတ္တာသုတ်ရွတ်မလို့"

"ဟော လူကြီးကိုမနက်‌ေစာ‌ေစာစီးစီး.."

"မရဘူးလားဟင်"

"အင်း...အိမ်ပေါ်တက်ခဲ့"

လွင့်ရဲ့မျက်လုံးလေးများ ကြည်လင်နေသည်။ လိုချင်တာ ရလိုက်သည့် ကလေးတစ်ယောက်လိုမျိုး ခြေလှမ်းတိုင်းဟာ ပေါ့ပါးစွာဖြင့် မြ၏အိမ်ထဲဝင်သွားလိုက်သည်။

ထို့နောက် မြသည် လွင့်‌ေရှ့ကခံု‌ေလး‌ေပါ် အအေးတစ်ခွက်ချပေးလေသည်။

"ကဲ ကလေးမ မောမှာစိုးလို့ အရင်သောက်"

"မဟုတ်သေးဘူးနော် မြ။ ကလေးမ ကလေးမနဲ့ မဟုတ်သေးတာကတော့ မဟုတ်သေးဘူး"

MyaWhere stories live. Discover now