အပိုင်း-၂၉

1.6K 104 0
                                    

-ဆက်နွယ်မှု-

"ကိုယ်ဘယ်လိုခူးရက်ပါ့မလဲ
ပန်းကလေးရယ်ပြောပါ-"

မနက်ခင်း၇နာရီကျော်။ ဆေးရုံတွင်လူများပြန်ပြီးလှုပ်ရှားလာကြသည်။ မြသည်လည်း တစ်ညလုံး မောင့်အနားသွားအိပ်မိပြီးအနေအထားမမှန်၍ လက်တစ်ဖက်ကိုက်သွားသည်။ ထို့ကြောင့်လက်အားဆေးလိမ်းနေတုံး အခန်းထဲဒေါက်တာနှင့်သူနာပြုညီမ‌ေလးဝင်လာလေသည်။

"အော မဂ်လာပါဗျ လူနာလဲနိုးလောက်ပြီထင်လို့"

ဒေါက်တာသည် ဆေးစည်းနေသော မြအားအားနာသောအကြည့်ဖြင့်ကြည့်ကာ စကားပြောလာသည်။

"ရပါတယ်ဒေါက်တာ"

"ကဲ လွင်နော် အခုဘယ်လိုလဲဗျ နေရထိုင်ရ လှုပ်ရှားရအဆင်ပြေလား"

"ဟုတ်ကဲ့ ပြေပါတယ်ဒေါက်တာ"

"ဒါဆို အစားပြန်စားတော့နော် အားဆေးလဲ၃လုံးလောက်သွင်းထားတယ်ဆိုတော့ အဆင်ပြေနေပြီ"

"ဟုတ်ကဲ့"

"ဒါနဲ့လေ လွင်ပေါ့နော် မှတ်ဉာဏ်ပြန်ယူချင်လားဗျ"

လွင့်၏သူငယ်အိမ် ကျည်းမြောင်းသွားသည်။ အမှန်အတိုင်းပြောရလျှင် ဒေါက်တာမေးလိုက်သော ကိစ္စအား လွင်မတွေးရသေးပါ။ မနေ့တနေ့ကမှ မှတ်ဉာဏ်ပျောက်သွားသည်ဟုသိရပြီး ယနေ့ကျ ပြန်ယူမလားမေးရအောင် လွင်က ကွန်ပြူတာတစ်လုံးလည်းမဟုတ်။

"စဉ်းစားကြည့်ပါအုံးမယ် ဒေါက်တာ"

"ဟုတ်ကဲ့ ဒီလိုဆို လူနာရှင်ဗျ နောက်နှစ်ရက်လောက်ကြာရင် ဆေးရုံဆင်းလို့ရပြီနော်"

"ဟုတ်ကဲ့ကျေးဇူးပါ"

×××

မြသည် ဆေးလူးတာကို လက်စသတ်လိုက်ပြီး လွင့်အနားသွားလိုက်သည်။

"လွင် ကောင်းကောင်းအိပ်ပျော်ရဲ့လား လက်ကရော နာသေးလား"

"ဟင့်အင်း မနာပါဘူး မြရော ခုနက ထွန်းရွှေဝါတွေ လိမ်းနေတာမြင်လို့"

"အော် ဘာရယ်မဟုတ်ဘူး အသက်ကြီးလာတော့ဒီလိုပဲ"

"အင်း ဂရုစိုက်ပါမြ ဂရုစိုက်ပါ"

MyaWhere stories live. Discover now