အပိုင်း-၂၄

1.7K 122 4
                                    

-‌ဖေးမခြင်း-

မြသည် မျက်လွှာတို့အား ချထားသည်။ မြ၏ပုံရိပ်လေးသည် အတိတ်ကအကြောင်းကို ပြောပြီးနောက်တွင် တုန်ရီနေသည်။

မြ၏ပုံရိပ်လေးသည် သနားစရာကောင်းနေပါသည်။

"ဘာလို့များ ဘာလို့များ ဒါကိုမမှတ်မိတာလဲ"

ဆေးရုံခန်းထဲတွင် ငြိမ်သက်နေသောမြနှင့် မှင်သက်နေသောလွင်တို့ရှိလေသည်။

လွင်သည် မြအား မေ့နေခဲ့သည်လား။ ‌မျက်စိရှေ့က အမျိုးသမီးသည် လွင့်၏နံရိုးပိုင်ရှင်လေးပင်ဖြစ်ခဲ့သည်လား။

လွင့်၏အတွေးတို့ ယောက်ယက်ခတ်သွားသည်။ မျက်တောင်တွေကို အရှိန်ပြင်းစွာ ခတ်နေမိသည်။ မြနှင့်အတူရှိခဲ့သည်ဆိုသောမှတ်ဉာဏ်အားအသည်းအသန်စဉ်းစားမိသည်။

သို့သော် အကြောင်းမထူး။ မြနှင့်သက်ဆိုင်သော မှတ်ဉာဏ်အားနှိုးဆွမိတိုင်း လွင့်၏မျက်ဝန်းတို့တွင် မျက်ရည်များစို့လာသည်။ အာခေါင်များခြောက်သွေ့လာသည်။ ဘက်ဘက်ရင်အုံမှာ နစ်နဲစွာ နာကျင်လာသည်။

"မြပြောတာ ဟုတ်ရဲ့လားဟင်"

".."

"မယုံတာတော့မဟုတ်ဘူး လွင်လေ မြနဲ့ဆိုင်တာကို စဉ်းစားကြည့်တိုင်း ငိုချင်လာတာကလွဲလို့ မြပြောတဲ့ အမှတ်တရတွေကို မမှတ်မိဘူး"

လွင့်စကားအဆုံးတွင် မြသည် မရပ်မနားမျက်တောင်ခတ်မိသည်။ နှာဖျား‌ေလး စူးလာသည်။ မျက်ဝန်းများ ရီဝေဝေဖြစ်လာသည်။

ဟုတ်သည်လေ မောင်သည် မြအားမုန်းတီးခဲ့သည်ပဲ။ မြ‌ကိုမုန်းအောင် မြကိုယ်တိုင်ပဲလုပ်ခဲ့တာလေ။

ဒါကြောင့် မြဖြင့် မငိုရက်ပါဘူး။

×××

"မြ အဆင်ပြေရဲ့လားဟင်"

"ဘာလို့လဲ မောင်ရဲ့ အဆင်ပြေပါတယ် ဆက်စားလေ"

"မျက်နှာပြောင်ချက်တော်"

"ကဲကဲ မြထရအောင် တစ်နေရာမှာ သွားထပ်စားကြတာပေါ့"

"ကောင်းပြီလေ"

မြသည် လွင့်နှင့်အတူ ကမ်းနားလမ်းတဝိုက်တွင် အဆာပြေမုန့်ဝင်စားနေတာဖြစ်သည်။ မနက်ပိုင်းတစ်ပိုင်းလုံး ကလေးမပူဆာသဖြင့် အတူလိုက်လည်ပေးပြီးနောက် မြတို့မုန့်ဝင်စားသည့်ဆိုင်ကြောင့် အပျော်ကလေးတွင် ကြာကြာမနှစ်မြောလိုက်ရပါ။

MyaWhere stories live. Discover now