(Extra-4)

1.7K 99 4
                                    

-ရင်ခုန်သံ တိုးတိုးလေး-

(+13)

မြတို့သည် ကန်တော်ကြီးသို့ ရောက်သည်မှာ မိနစ်နှစ်ဆယ်ခန့် ရှိနေပြီဖြစ်ပါသည်။ သို့သော်ယခုထိကားပေါ်မှ မဆင်းရသေး။

ကားပေါ်တွင် မြ၏ နားရွက်လေးများသည် ရဲတက်လာသည်။ မြ၏ရင်ခုန်သံများကျယ်လောင်စွာဖြင့် ပျံ့နှံ့နေသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်လေးဖြစ်သော်လည်း ရင်ခုန်စရာကောင်းသော ကိစ္စကို မြလုပ်နေသည်။

နှမ်းဆီရောင်နှုတ်ခမ်းပါးများကို မြတစ်ယောက် ခပ်ဖွဖွလေးထိလိုက် အကြာကြီးထိလိုက်ဖြင့် ပူးလိုက်ခွာလိုက်လုပ်နေသည်။

မောင့်၏နှုတ်ခမ်းများသည် နူးညံ့သည်။ ထို့အတူ စွဲလမ်းချင်စရာကောင်းသည်။ မြသည် အသွေးအသားဖြင့်ဖွဲ့စည်းထားသည့် လူသားပင်ဖြစ်ပါသည်။ ထို့‌ကြောင့် မောင့်၏နှုတ်ခမ်းများနှင့် တွေ့ဆုံရလျှင်တော့ မြသည် မောင်ပြောသည့် စုန်းမတစ်ကောင်သာဖြစ်လိုက်ချင်ပါသည်။

"ပြွတ်-"

မြသည် မောင့်နှုတ်ခမ်းများကို ပြင်းထန်စွာဖြင့် နမ်းရှိုက်လိုက်သည်။

မောင့်၏နှုတ်ခမ်းများသည် ချိုမြိန်မှုရယ်လို့သိသိသာသာမခံစားရသော်လည်း ပို၍ထိ‌‌ေတွ့မိလေ ပို၍စွဲလာလေသော ဘိန်းနှင့်တူသည်။

မြသည် မောင့်ပေါင်ပေါ်‌ နေရာပြောင်းထိုင်လိုက်သည်။ ထို့နောက် မောင့်အပေါ်မှီချကာ မောင့်နှုတ်ခမ်းတို့ကိုသာ ရန်မူနေလိုက်သည်။

မောင်သည် အိပ်နေရာမှတဆင့် မြကိုတုံ့ပြန်လာပါသည်။ ကြမ်းတမ်းလေသော အသိစိတ်ဖြင့်လား ကြည်လင်နေသော အသိစိတ်ဖြင့်တုံ့ပြန်လာသည်လား မြမသိပင်မဲ့ မောင်သည် အသက်ရှူကြပ်သဖြင့် တွန်းကန်လာ‌ေသာမြ၏လက်တို့ကို ချုပ်ပစ်လိုက်သည်။

ထို့နောက် မောင့်၏ပူနွေးနွေးလျှာသည် မြ၏နှုတ်ခမ်းပါးပါးကို ကြောင်တစ်ကောင်သဖွယ်အရသာခံပြီးမှ နှုတ်ခမ်းအတွင်း ပြင်းထန်စွာအရသာခံသည်။

"အွန်း"

"မြ ကောင်းလားဟင်"

မောင်သည် မွတ်သိပ်စွာနမ်းရှိုက်ပြီးနောက် မြအားအသက်ရှုခွင့်ပေးပြီး ရီဝေသော မျက်ဝန်းတို့ဖြင့်ကြည့်ကာ မေးလာသည်။

MyaWhere stories live. Discover now