-မေတ္တာ-
"နာကျင်စွာနဲ့.."
ရေဒီယိုကနေ double jရဲ့သီချင်းသံအေးအေးလေးလွှင့်ေပးနေတယ်။ ကားမီးရောင် ဝါကျင်ကျင်တွေအောက်မှာ ပြေးနေတဲ့ကားလေး။ လွင်ဟာ ကိုယ်ကိုကွေးပြီး ခေါင်းကိုအသေငုံ့ထားလိုက်မိတယ်။
အင်အားမရှိတဲ့အခါမှာ မေတ္တာတရားကိုထုတ်ပြဖို့ သိပ်ခက်ခဲမှန်း မြဟာ မောင့်ကိုသင်ပေးနေတယ်။
မြဟာချစ်ခြင်းပြဖို့ ဘာလို့ခက်ခဲရတာများလဲ။ မောင့်ကိုကြင်နာပေးရင်ရပြီ။ မောင့်ကို ဖေးမပေးရင်ရပြီလေ။
ဒါဟာမောင်တွေးတဲ့မေတ္တာတရား။
×××
ခြံဝန်းထဲက မြေသင်းနံ့လေးကို မြ တစ်ဝကြီးရှုရှိုက်မိသည်။ နှာခေါင်းကနေတဆင့် အဆုတ်တွေထဲအထိပြန့်နှံ့သွားအောင် ရှူမိသည်။ မြေသင်းနံ့လေးက အေးအေးလေးနဲ့မွှေးမွှေးလေး။
"တောက် တောက် တောက်"
"အို"
ရုတ်တရပ် မိုးတွေပြန်ရွာချလာသည်။ ဂျူလိုင်လ၏မိုးဟာ ခန့်မှန်းလို့ မရနိုင်ဟု မြတွေးမိသည်။ မိုးစက်လေးများသည် မြေပြင်ထက် လှပစွာခုန်ဆင်းနေသည်။ အကယ်၍များ မိုးစက်လေးတွေအသက်ဝင်နေခဲ့ရင် အသက်သေခံပြီး မြေကြီးပေါ်ခုန်ချမည်လား။
မြတစ်ယောက် ပေါက်ပေါက်ရှာရှာ တွေးမိပါသည်။
မိုးစက်တွေ မြအားစင်လာသဖြင့် အိမ်တံခါးပိတ်ကာ ဧည့်ခန်းထဲထိုင်ရင်း တီဗီဖွင့်လိုက်သည်။ မြ၏အရှေ့က ဖန်စားပွဲလေးပေါ်တွင်တော့ ကော်ဖီခွက်လေးနှစ်ခွက်ကို အထင်းသား မြင်နေရပါသည်။
မြသည် မိန်းမတစ်ဦးဖြစ်သည်။ မြသည် ရာသီဥတုတစ်ခုနှင့် နှိုင်းရမည်ဆိုလျှင် မိုးရာသီနှင့်တူပါသည်။ မိုးရာသီကိုလူကြိုက်များသည်။ ကြိုက်ကြသည် သို့သော်ချစ်သူနည်းသည်။
မြသည် မိုးရာသီပင်ဖြစ်ပါသည်။
တီဗီလိုင်းမှ သတင်းများအား အတွေးများစွာနှင့်မြတစ်ယောက် ကြည့်နေသည်။ သတင်းကြည့်ရသည်ကိုပျင်းလာသဖြင့် ကော်ဖီခွက်လေးကို နှုတ်ခမ်းနားတေ့မိတော့ မြ၏ရင်ထဲတွင် ကြီးမားသောအရာအား ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ခံစားနေရသည်။
YOU ARE READING
Mya
Romansမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...