အပိုင်း-၁၄

2.4K 137 6
                                        

-အတိတ်-

"ကိုခန့် မြ ဒီဆေးရုံထဲ‌ဝင်သွားတာသေချာလား"

"ဟုတ် လုံးဝသေချာ"

"အိုခေ အိမ်ပြန်မယ်"

ကိုခန့်သည် သူ၏ဘောစ့်အား မျက်ဖြူလှန်ပြကာ ကားအား အိမ်ပြန်ရာ လမ်းကြောင်းဆီဦးတည်လိုက်သည်။

နောက်ကြည့်မှန်မှ တဆင့်ဘောစ့်အားအကဲခတ်တော့ ဘောစ့်သည် ကားပြတင်းပေါက်အားဖွင့်ကာ မိုးစက်များဖြင့်ထိတွေ့နေသည်။

ဘောစ့်၏ မျက်ဝန်းများဟာခပ်ငြိမ်ငြိမ်နှင့် နှုတ်ခမ်းတို့ကို ခပ်တင်းတင်း စေ့ထားသည်။

ဒီလောက်ဆို ကိုခန့်သိသည်။ ဘောစ့်သည် မြအားတဖန် စိတ်ထဲပြန်ထည့်လိုက်ပြန်သည်။

×××

ဆေးရုံခန်းထဲတွင် စုစုပေါင်းလူသုံးဦးသာရှိသည်။ ထို့ကြောင့်တိတ်ဆိတ်မှုသည်သာ ကြ‌ီးစိုးနေသည်။ မနက်ခြောက်နာရီကျော်သို့ရောက်သောအခါ တစ်ဖက်ကုတင်မှ ရီတစ်ယောက်နိုးလာလေသည်။

"ရီ နိုးပြီလား"

မြသည် နိုးလာသောရီ့အားထူပေးကာ ရေတိုက်လိုက်ကာ သူနာပြုအားလှမ်းခေါ်လိုက်သည်။ ရီသည် လက်တစ်ဖက်ကျောက်ပတ်တီးကိုင်ရသည်မှလွဲလို့ အဆင်ပြေသည်။

"ကျေး‌ဇူးနော်မြ ဘယ်သူဆက်တာလဲ ရီတို့ဒီမှာမှန်း"

"မိငယ်လေးဆက်တာ"

"အော် သိပြီသိပြီ ဒါနဲ့မြတစ်ညလုံးမအိပ်ပဲစေ‌ာင့်နေတာလား လွင်ရောဘယ်မှာလဲ"

"လွင်က ခုနကလေးတင် ကြပ်မတ်ဆောင်ကိုခဏရွေ့သွားတယ် ဆေးစစ်မလို့တဲ့"

"ဟင် လွင်တော်တော်ထိသွားတာလားမြ ရီတို့ကားတာယာချော်ပြီး တစ်ခုခုဖြစ်တာတော့မှတ်မိတယ်"

"အင်း လွင် ခုထိသတိမရသေးဘူး တစ်ညလုံးသတိမေ့နေတာ"

မြသည် ခပ်တိုးတိုးသာပြောပြီးနောက် နှစ်ယောက်စလုံးသပ်ပြင်းချမိသည်။ လွင်သည်တစ်ညလုံးမေ့နေလျှင် အဆင်‌မပြေပါ။

ဒီလိုနှင့် မြတို့ အရီ့အားဆေးရုံ‌ဆင်းရန်ကူပေးလိုက်သည်။ အရီသည် ဆေးရုံမှာကြာကြာနေလို့မဖြစ်သေး။ အိမ်တွင် သူ့ညီမလေးတစ်ယောက်ထဲမို့စိတ်မချဖြစ်ရသည်။

MyaWhere stories live. Discover now