[ဇာတ်သိမ်းပိုင်း]

4.4K 138 7
                                        

-နစ်မြောမိခြင်း-

"မြကို...အား..မြကိုမုန်းတယ်"

"ထွက်သွား ထွက်သွား"

"စိတ်‌ငြိမ်ဆေးသွင်းမှရမယ် ဆရာမ စိတ်ငြိမ်ဆေးယူခဲ့တော့"

"ဟုတ်ကဲ့"

"မြကိုမုန်းတယ် မြကိုမတွေ့ချင်ဘူး"

"ဒေါက်တာ ဒေါက်တာ မြကို‌ေခါင်းထဲကထုတ်ပေးပါ "

မောင်သည် ကုတင်ပေါ်တွင် စကားများတောက်လျှောက်ပြောကာ မြအားစူးရဲစွာဖြင့်ရန်သူတစ်ဦးလိုကြည့်နေသည်။ မောင့်၏ မျက်ဝန်းညိုလေးများတွင် မျက်ရည်များ စီးကျနေပြီး မျက်ခမ်းစပ်လေးများရဲနေသည်ကိုပင် မြ မြင်နေရပါသည်။

ထို့အတူ မြအား အလွန်မုန်းနေသော လူတစ်ဦးအဖြစ် ပြောင်းလဲသွားသော မောင့်ကြောင့် မြသည် ဒေါက်တာအားမေးမည်လုပ်တုံး ဒေါက်တာမှဖြေလာသည်။

"အစ်မ လွင့်ကိုဘာလုပ်ထားမိလဲ"

"ကျွန်မ..ကျွန်မ"

မြသည် ဒေါက်တာ၏မေးခွန်းအား ‌မဖြေရဲ။

"ထားပါတော့ အခုကြည့်ရသလောက်ဆိုရင် ဒီကလေးက ပြန်သတိရလာပြီထင်တယ်။
ပြောရရင် 75%လောက် သူသတိရနေပြီ"

မြသည် ဒေါက်တာ၏ စကားအဆုံးတွင် မျက်ရည်များစီးကျလာသည်။ မြသည် ယခုမူ ပျော်ရမယောင်နှင့် စိတ်ဆင်းရဲမှုတို့ပါ ကပ်ပါလာသည်ကို တဖြေးဖြေးသတိထားမိလာသည်။

"အဟမ်း ဒီ‌ေမာင်နှမတွေက ဘယ်လိုပြောရမလဲ အငြိုးကြီးပြီး နာကျင်အောင်လုပ်တဲ့သူကို နှစ်ဆပြန်လုပ်တဲ့ မောင်နှမတွေဗျအစ်မတော့ ခံနိုင်ရည်ရှိဖို့ပြင်ထားဖို့ပဲ ကျနော်မှာချင်တယ် ဒါက မင်းအောင်ရဲ့သူငယ်ချင်းအနေနဲ့ မှာတဲ့စကားပါ။"

မြသည် ဒေါက်တာ၏စကားအား ပြန်၍ပြောမည်လုပ်တုံး ဆေးရုံတံခါးမှ စိတ်ငြိမ်ဆေးအားကိုင်လာသော သူနာပြုကြောင့် ရပ်တန့်လိုက်သည်။

MyaWhere stories live. Discover now