-အချစ်-
"မောင့်ကို မြမချစ်ပါဘူး"
ရီဝေဝေမျက်ဝန်းတွေနဲ့ မြရဲ့မောင်ဟာ တစ်ခါက မြကိုဒီလိုစွပ်စွဲတယ်။
မောင်ကတော့အခိုင်အမာပြောပင်မဲ့ မြကတော့ စွပ်စွဲတယ်ပဲမြင်ပါတယ်။
မြက မောင့်ကိုမချစ်တာမှ မဟုတ်တာ။
မောင်မသိတဲ့မြက မောင့်ကို နက်နဲစွာ စွဲလမ်းစွာနဲ့ မောင့်ကိုချစ်ပါတယ်။
×××
"I'm the only Traveller"
"ဟင်း"
"..."
"ရီရတယ်"
မြ မြ မမမြ။
မိန်းမတစ်ယောက်လား ဆေးဝါးတစ်မျိုးလား။ ညှိတွယ်ဖို့ခက် ဖြတ်ဖို့ခက်နဲ့ တိုက်စားနေလိုက်တာများ နှလုံးသားမှာအက်ရာအပြည့်နဲ့။
အခန်းထဲပျံ့သွားတဲ့ မီးခိုးငွေ့တွေကြားမှာ မြရဲ့မျက်နှာကို ပုံဖော်ကြည့်တယ်။ မြရဲ့မျက်ဝန်းသေတွေ၊ ရုတ်တရပ် ထွက်လာတတ်တဲ့ မျက်ဝန်းစိမ်းတွေ။ တွန်းထုတ်တတ်တဲ့ မြရဲ့လက်တွေ။
အရင်ကလိုမျိုး မြကမပြောင်းလဲသေးဘူး။
ဧပရယ်လက ပုံရိပ်လိုပဲ မြရဲ့အဖြေက မပြောင်းလဲဘူး။"တီ-"
"ဟား ငါကစောက်ရူးပဲ"
ဘေးနားချထားတဲ့ ဖုန်း screenကလင်းလာတယ်။ ဖုန်းသံထွက်လာတယ်။ ဖုန်းဆက်တဲ့သူက မြတဲ့။
နာမည်ကိုဖတ်ရုံနဲ့ တဒုတ်ဒုတ်ခုန်လာတဲ့ ဘယ်ဘက်ရင်အုံ။ လက်ထဲက ဆေးလိပ်ကို မီးသေအောင်လုပ်နိုင်သလိုမျိုး ငါ့ရဲ့နှလုံးသားကိုလည်း မီးသေအောင် လုပ်ပစ်ချင်တာပဲ။
မြဆိုတဲ့ အမျိုးသမီးကို ချစ်ရတာ ပင်ပန်းရပင်မဲ့ ရင်ခုန်သံတွေကိုတော့ ငါထိန်းနိုင်စွမ်းရှိမေနပြန်ဘူး။
"ဟယ်လို"
ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ မြရဲ့ အသံကအေးအေးလေး။ ငါဟာတကယ်ပဲ အသံအေးအေးလေးတွေ၊ ခပ်နွဲ့နွဲ့အပြုံးတွေ ရီသံတိုးတိုးလေးတွေကိုချစ်တတ်လာခဲ့တယ်။ ချုံပြောရရင် မြဆိုတဲ့ အမျိုးသမီးဟာ သက်ရှိစုန်းမတစ်ကောင်ပဲ။
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...