အပိုင်း-၃၀

1.7K 99 0
                                    

-ရစ်တွယ်ခြင်း-

မြသည် လွင့်၏စကားအဆုံးတွင် ‌နိုင်ငံတစ်နိုင်ငံကိုပိုင်ဆိုင်လိုက်ရသော သူရူးကဲ့သို့ပင် ခံစားလိုက်ရသည်။

ရပြီ ဒီလောက်ဆိုရင် ရပြီ။

မြ ဘဝကြီးကို အတိုက်အခံလုပ်ပစ်လို့ရပြီ။

မြသည် ကျေနပ်ပြုံးအား ဖုံးဖိကာ ကိုမင်းအောင်ဘက် တချက်လောက် အကဲခတ်လိုက်တော့ ထိုသူသည် ထိုင်နေရာ‌တွင် ကျောက်ရုပ်ပမာ တုတ်တုတ်မျှမလှုပ်ပဲဖြစ်နေသည်။

ထိုစဉ် မောင်သည် မြအား မရဲမဝင့်ဖြင့် ‌တချက်ချက် အကဲခတ်နေသည်ကိုမြသတိထားမိသည်။

ချစ်စရာကောင်းလိုက်လေခြင်း။ ပြောရရင် သိပ်ကိုကျေနပ်မိခြင်းတွေပါပဲ။

တအောင့်အကြာတွင် သပ်ပြင်းချသံနှင့်အတူ ကိုမင်းအောင်ဆီမှစကားသံပြန်ထွက်လာသည်။

"ဟူး...မီးငယ် မီးငယ်က မြနဲ့တွဲနေခဲ့တဲ့ကောင်မလေးလား"

"ဟုတ်တယ် ကိုမင်းအောင် ရှင်ဒါကိုမသိပဲ ကျွန်မနဲ့လက်ထပ်ဖို့လုပ်ခဲ့တယ်တော့ မပြောနဲ့နော်"

မြသည် ခနဲ့သောလေသံဖြင့် မောင့်အစား ကိုမင်းအောင်အား ဝင်ပြောလိုက်တော့ ထိုသူ၏ အရှုံးသမားမျက်နှာမှာ ပို၍ပင်ပေါ်လွင်ထင်ရှားလာသည်။

ယူကြုံးမရဖြစ်သော မျက်နှာထား။ မယုံနိုင်သော အမှန်တရားများအား တပွေ့တပိုက် သူ၏နှလုံးအိမ်ထဲ စိုက်ဝင်လေသော မျက်ဝန်‌းတွေဖြင့် မြအားလှည့်ကြည့်လာခဲ့သည်။

'သိပ်ကျေနပ်မိတယ်'

×××

"မီးငယ် အကိုအလုပ်ကို ပြန်လိုက်အုံးမယ် အဖေနဲ့အမေ့ကိုတော့ အကြောင်းကြားပြီးပြီ သူတို့ ပုသိမ်ကနေ မနက်ဖြန်လောက်ဆိုရောက်လိမ့်မယ်။ အဲ့ခါကျမှ အဖေတို့ကိုခေါ်ပြီးလာခဲ့မယ်"

ကိုမင်းအောင်သည် မောင့်အား နှုတ်ဆက်စကား‌ေပြာပြီး‌ေနာက် တံခါးဝအနားအရောက် တအောင့်အကြာတွင် သပ်ပြင်းထပ်ချကာ မြအားပြောလာသည်။

"...မြလည်း ဂရုစိုက်ပါ အန်တီကို ကျနော်သေချာထပ်ပြောထား‌ေပးမယ်"

MyaWhere stories live. Discover now