အပိုင်း-၁၁

2.1K 120 3
                                    

-မောင်-

မြသည်ဖုန်းအား ဒေါသတကြီးဖြင့်ချပစ်လိုက်သည်။ မျက်စိရှေ့တည့်တည့်က ဖန်ခွက်များအား အိမ်တံခါးကိုဖွင့်ကာ ခြံနံရံအားပစ်ခွဲမိသည်။

ထို့အတူ မောင်နဲ့မြအတူပြုံးနေသည့် ဓာတ်ပုံဘောင်လေးတွေကို မီးဗန်းပေါ်တင်ကာ မီးရှို့ပစ်လိုက်သည်။ သို့သော် မောင်နဲ့မြအတူရှိတဲ့အချိန်တွေတော့ ထာဝရပင်ဖြစ်နေမည်ထင်ပါသည်။

တငွေ့ငွေ့လောင်နေသည့် မီးတောက်ဟာပူလောင်ပါသည်။ အိမ်အပြင်ဘက်‌တွင်မိူရွာနေသော်လည်း အိမ်အနော်ဖက်မိုးလုံသောနေရာလေးတွင် မီးစလေးများတက်နေပါသည်။

မြသည် မီးလောင်နေသော ဓာတ်ပုံများအားကြည့်ကာ ခပ်တိုးတိရေရွတ်မိသည်။

"ဒီအမှတ်တရတွေ ဒီအရာတွေနဲ့ မောင်ဟာ မြဘဝထဲကထွက်သွားမှဖြစ်မယ်"

အချိန်အနည်းငယ်ကြာပြီးနောက် ဓာတ်ပုံသည် ပြာအဖြစ်သာကျန်ရှိပါတော့သည်။ သို့သော် မြဟုပြုံးကာခေါ်တတ်သော မောင့်အား မြ သတိတရဖြင့်ရှိနေသေးသည်။

"မောင်ရယ် ကျေးဇူးပြုပြီး ထွက်သွားပါတော့"

×××

မြသည် စိတ်ဖောက်ပြန်နေသော မိန်းမပင်ဖြစ်သည်။ အချစ်ကို နှင်တဲ့မိန်းမ။ သတ္တိကြောင်သည့်မိန်းမ။ တဖက်တွင် သစ္စာမရှိသောမိန်းမ။ ပတ်သတ်ရသမျှသူတိုင်းကို အရှက်တရားတွေ ဆောင်ကျည်းလာသောမိန်းမဟု ခေါင်းစဉ်တက်လျှင် မြသည်ခပ်ဖွဖွရီပြီး မသိချင်ယောင်ဆောင်ထားပါလိမ့်မည်။

မြသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်သောသူဖြစ်သည်။ ဤသည်မှာ ဧပရယ်လက မောင်မရောက်လာခင်အထိ။

မြနှင့်မောင်အတွက် ပိတောက်ဝေဆာသော ဧပရယ်လလေးဟာ အဖိုးတန်အမှတ်တရလေးတစ်ခုပင်ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် အချစ်မျက်နှာစတင်သော အချိန်ကာလလေးပင်ဖြစ်ပါသည်။

"မမမြ လွင့်ဆီခဏလာပါအုံး"

ဟုဆိုကာ မြအား ရီရင်းခေါ်နေသည့် ကလေးမလေးအား မြအာရုံပေးမိသည်။

"ပြော"

"မမမြ ဆံပင်သပ်တင်ထား"

"အလို"

MyaWhere stories live. Discover now