အပိုင်း-၈

2.9K 153 2
                                        

-စိတ်၏အမတ-

ကော်ဖီငွေ့တွေ တဖြေးဖြေး ပျောက်ကွယ်လာတယ်။ ပန်းဆီရောင်ခွက်လေးတွေ အေးစက်လာတယ်။ အိမ်‌ေရှ့ထဲက သီချင်းသံလေးကိုတော့ အိပ်ခန်းထဲက လူနှစ်ယောက်လုံးကြားနေရတယ်။

မြရဲ့လက်ကို ဆုတ်ကိုင်ထားတဲ့ လွင့်ရဲ့လက်တွေတုန်နေတယ်။ လွင့်ကိုကြည့်ရတာ အရူးတစ်ယောက်နဲ့တူတယ်။ စကားတွေအထစ်ထစ်နဲ့ ဆေးလွတ်နေတဲ့အရူးလိုပဲ။

မြကတော့ မောင်မသိတဲ့မြပါပဲ။ အသည်းမာတဲ့ပုံစံနဲ့ မောင့်ကိုတွန်းထုတ်ကောင်းနေတုံး။

×××

"တီ-"

"ဟယ်လိုမြ"

"အရီရောက်ပြီလား မြထွက်ခဲ့မယ်"

မောင့်ရဲ့လက်ကိုပုတ်ချပြီး အိမ်ရှေ့ကိုမြထွက်သွားတယ်။ မောင့်ရဲ့မျက်ရည်ပူတွေလိမ့်ကနဲကျလာတယ်။ ဝဲဘက်ရင်အုံက အောင့်သက်သက်နဲ့ ပါးစပ်ကနေ ရှိုက်သံထွက်လာတယ်။

မြက မောင့်ကို ဧပရယ်လက ကလေးလို သဘောထားနေတာပဲ။

မောင့်မျက်ရည်တွေကို လျစ်လျူရှုပြီး မြရဲ့နောက်ကို ထွက်လိုက်လာလိုက်တယ်။ ခြံဝနားမှာ မြနဲ့မောင့်ရဲ့အစ်မတို့စကားပြောနေတာတွေ့ရတယ်။ မောင့်ရဲ့အစ်မက အိမ်ထဲလှမ်းကြည့်ပြီး ခေါင်းခါနေတယ်။

မုန်းတယ်။
တကယ်မုန်းတယ် မြကိုမုန်းတယ်။

တအောင့်ကြာတော့ မြအိမ်ပေါ်တက်လာတယ်။

"လွင် အရီ့နောက်လိုက်သွားတော့"

"မြ မင်း..လွင့်ကိုကလေးလို့ ထင်နေတာလား"

အိပ်ခန်းထဲ ပြန်ဝင်တော့မယ် လုပ်နေတဲ့ မြရဲ့လက်ကိုဆွဲပြီး မြကိုမောင့်ရဲ့ ရင်ခွင်ထဲထည့်ပြီး အော်ဟစ်မေးမိတယ်။

မြက မောင့်ရဲ့ ရင်ကိုထုတယ်။ စိတ်အလိုမကျစွာနဲ့ ဆရာကတပည့်ကို ဆူဆုံးမသလိုမျိုး။ ထိန်းမနိုင်တဲ့ကလေးကို မိဘလက်ထဲအပ်ပေးသလိုမျိုး မြကမောင့်ကို ဆက်ဆံနေတယ်။

"မြရယ် မောင်က ပြေလည်ချင်လို့ ဒီကိုလာတာလေ"

"မကြားချင်ဘူး အခုထွက်သွားစမ်း"

MyaWhere stories live. Discover now