-အသိတရား-
ရီက လွင့်ကိုကြည့်ပြီး ကားမောင်းတာပြန်အာရုံစိုက်ရင်း စကားကိုဖြေးဖြေးပဲ ပြောတယ်။ မောင့်ရဲ့ မြအကြောင်းကိုပေါ့။
"မြက နဂိုထဲက ေအးဆေးသမားလေ မမတော့ လွင့်ကို သူလက်ခံလိုက်မယ်လို့ကို မထင်ထားတာ"
ဟုတ်ပါတယ်။ မြက ရီပြောသလို အေးဆေးသမားလေး။
"ပြီးတော့ မမ မပြောရင်တောင် မြရဲ့ မိဘတွေ အကြောင်း သိတယ်မလား"
"လွင်သိသလိုမျိုး မြမိဘတွေက မြကို သိပ်စိုးမိုးနေကြတာလေ"
"ဒါပင်မဲ့ လွင်.."
"ပြီးတော့လွင်က ငယ်သေးတယ်လေ မြက အခုဆို၂၅ဖြစ်နေပြီ သူ့မိဘတွေက.."
"ဟုတ်ပါတယ်။ လွင်ခဏမှေးအုံးမယ်ရီ"
"အင်း"
ကားထဲမှာ သီချင်းသံလေး ပျံ့နှံ့နေတယ်။ ရေဒီယိုကလာတဲ့ သီချင်းသံခပ်ဆွေးဆွေးတွေက လွင့်ကိုအိပ်ပျော်ရခက်အောင် သဘောဆောင်နေသယောင်ေယာင်။
မြနဲ့လွင်ဟာ အခုဆိုဘာဖြစ်သွားတာများလဲ။
ဟင့်အင်း မောင် မတွေးချင်ဘူး။
မောင့်ခေါင်းထဲ မြဟာ..သိပ်တော်တယ်။ မောင့်ရဲ့ဆရာမဖြစ်သလို မောင့်ရဲ့အချစ်။ မြဟာေမာင့်ရဲ့ဘဝထဲ အုပ်စိုးပြီးမှ အလံဖြူပြတဲ့ မိန်းမ။
တွေးရရင်လဲ ရီပြောသလိုပဲ မြကိုယူဖို့ မောင့်မှာဘာအင်အားမှမရှိတာ။ ငွေလဲမရှိ အလုပ်အကိုင်မရှိ။ သိတာဆိုလို့ ပန်းအကြောင်းတွေနဲ့ ဓာတ်မြေဩဇာအကြောင်းတွေ။
အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်တွေကလွဲလို့ မြအကြောင်း မောင်ဘာသိသလဲ။
ဘာမှမသိဘူး။
မြရဲ့အတွေးတွေကိုလဲ မသိသလို မြကိုလဲ ေမာင်မသိဘူး။
ဒါဟာ လွင့်ရဲ့မေတ္တာဆိုရင်တော့ လူလှောင်ခံရပါလိမ့်မယ်။
×××
ကားလမ်းမကြီးပေါ်မှာ အဝါရောင်မီးတွေဖြာကျနေတယ်။ ကားလမ်းမရဲ့ဘေးမှာ ဆိုင်တန်းတွေနဲ့ပြည့်ကျပ်နေတယ်။ ဆိုင်တန်းတွေနဲ့ခပ်လှမ်းလှမ်းကရောင်တဲ့အခါ ခေါင်းထဲ ခရမ်းရောင် lilacsပန်းလေးကိုသတိရတယ်။
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...