အခုမြတို့က မားသားကိုတွန်းလှန်ပြီး သီတင်းကျွတ်တာနဲ့လက်ထပ်မဲ့ ကာပယ်လေးပေါ့ညော်။
အသဲတွေ ဟော့ဒီလိုဟော့ဒီလို ခွဲချင်ခဲ့ပင်မဲ့ မခွဲခဲ့ဘူး။ ဒါက ချစ်လို့။
ကိုငြိမ်းမောင်နေရာမှာ ကျနော်ပါဝင်ထားပြီး ဧည့်သည်လေးဖြစ်သွားတဲ့ မိငယ်ကိုတော့ တောင်းပန်မိပါတယ်။ ကိုမင်းအောင်ကိုတော့ ဂေးခိုင်းမိမှာစိုးလို့ အလံဖြူပြပြီးသူလဲ အခုသဘောတယ်ပြောရမှာပါ။
အခု မြက ချစ်တယ်လို့ ထုတ်ပြောခဲ့ပြီနော်။
ဆိုတော့ ရိုလာကိုစတာ ဇာတ်လမ်းကတော့ပြီးပါပြီ။
ကျနော့်အနေနဲ့ဒီဟာကို ပေါ့ပါးတဲ့ storyတိုလေးအနေနဲ့ရည်ရွယ်ရေးခဲ့ပင်မဲ့ ဒရမ်မာချိုးတဲ့ အခြေနေကိုရောက်သွားတာ ခံစားချက်ကိုထိန်းမရခဲ့လို့ပါ။
မြကတော့ ကျနော့်အနေနဲ့ အမျိုးသမီးတစ်ယောက်ကိုတွေးရင်းဖြစ်ပေါ်လာတယ်ပြောရမှာပါပဲ။ ဆိုလိုတာကတော့ ချစ်ကြောင်းကိုထုတ်ပြပြီး ဂရုစိုက်ဖို့နဲ့ အေးစက်ပင်မဲ့ အရမ်းချစ်တယ်ဆိုတဲ့ messageလေးနဲ့ရည်ရွယ်ရေးခြင်းဖြစ်ပါတယ်။
တကယ့်ဘဝမှာလဲ မြအမေလို မိဘတွေရှိတာမို့ ကိုယ့်ကောင်မလေးကလဲ မြအမေလို့ အမေရှိခဲ့ရင် ပြောချင်တာကတေ။့ အလုပ်သေချာကြိုးစားဖို့မှာချင်တာပါပဲ။
ဒီမှာအခက်ခဲဆုံးရေးရတဲ့အချိန်ကတော့ တီတီတာတာ ပလီပလာရေးရတဲ့အချိန်ပါပဲ။ ဒါကြောင့် အသေခက်ခဲခဲ့ပါတယ် ဖတ်ရတာတောင့်နေရင်အားနာပါတယ်😉
And
ဇာတ်လမ်းဇာတ်ကွက်တွေက ပြောင်းပြောင်းသွားတာကို တချက်ပြောပြပါမယ်။
စာရေးသူက ဇာတ်ကောင်ကို အမျိုးသမီးတစ်ယောက်အတွက်ဖန်တီးခဲ့သလိုပဲ ဒီဇာတ်ကွက်ဟာ အဲ့အမျိုးသမီးနဲ့စာရေးသူရဲ့ကြားက မေတ္တာကိုအခြေခံပြီး ဒီဝတ္ထုကို ပုံဖော်ရေးသားပါတယ်။ ပြီးတော့ လက်တွေ့ကျကျရေးချင်တဲ့အတွက် မြဟာလည်း ဒရမ်မာခင်းလွန်းတယ်လို့မြင်နိုင်သလို စာရေးသူက [ရေးချင်တိုင်းရေးတယ်]လို့လဲ တွေးကောင်းတွေးနိုင်ပါတယ်။
အဲ့တာကိုပြောချင်တာကတော့ စာက ရုပ်လိုမြင်ရတာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကလေးအတိုင်း စီးမြောပစ်လိုက်ပါ။ ရတယ် အေးဆေး။ ဒီဝတ္ထုဖတ်တဲ့အချိန် မြက နားလည်ရခက်နေတဲ့ဇာတ်ကောင်၊ ဒီဝတ္ထုက ပုံစံတမျိုးဖြစ်နေတယ်လို့ခံစားရရင် ရပြီ။
ကဲ စကားလေးပြောချင်ရင် ပြောသွားပါအုံး။
ထွက်လဲမကဲကြနဲ့နော် လုပ်စရာရှိတာသေချာလုပ်ပေးပါ။ ဒါပါပဲ တိတ်တိတ်လေးဖတ်တဲ့သူတွေရော vote,cmေပးတဲ့သူေတွရောကောင်းသောမနက်ပါ။ ဆိုင်ရာအလုပ်မှာကြိုးစားလိုက်ကြပါအုံး။ တာ့တာ။
-ရှောင်
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...