-အနီရောင်လက်ဆောင်-
လွင်၏အဆောင်ရှိ မိန်းကလေးများသည် မနက်အစောကြီးထကာ ပြင်ဆင်နေကြသည်။ ထို့ကြောင့်လွင်တစ်ယောက် ကောင်းကောင်းအိပ်လို့မရတော့။ ဒီလိုနဲ့ ဖုန်းကနာရီကိုကြည့်တော့ မနက်ခြောက်နာရီခန့်။
ထို့နောက် ခြင်ထောင်ထဲမှ ကိုယ်တစ်ခြမ်းထွက်ကာ အခန်းဖော်လေး ဟေသီနှင့်ဒေစီကို ခြောက်ကပ်နေသောအသံဖြင့် လှမ်းပြောလိုက်သည်။
"ကောင်မလေးတို့ ဖြေးဖြေးလုပ်ကြပါ"
"ဟဲ့ လွင် နင်သရဲဝင်ပူးထားတာလား"
လွင့်ကုတင်ေဘးက မှန်တင်ခုံတွင် Mascaraပြင်နေသော ဒေစီက လွင့်အား မျက်ဖြူစိုက်ကာ ပြောလာသည်။ ထို့နောက် ခေါင်းသုတ်နေေုာ ဟေသီက လွင့်အားမေးလာသည်။
"ဘာလဲ မမနဲ့သွားမဒိတ်ဘူးလား"
"ဒီလိုပါပဲ ဒီနေ့မဒိတ်ရလဲ နောက်နေ့တွေရှိပါသေးတယ်"
"ဝါး မဒေစီ မြင်လား"
"မျက်စိမှိတ်ထားတယ် မနက်အစောကြီး သူ့ဇာတ်လမ်းကိုနားထောင်ရင်း လောင်မြိုက်သွားမှာစိုးလို့"
လွင်သည် အဆောင်တွင်နေတာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ဒါကြောင့် အခန်းဖော်များနှင့်လဲ အတော်ခင်နေပြီပြောရမည်ဖြစ်သည်။
ဒေစီဆိုလျှင် နာမည်အရင်းဟာ ဒေမစီနေပါ။ ရုက္ခဗေဒကျောင်းသား ပီသအောင် ပန်းနာမည်ထားမည်ဟု ကြုံဝါးရင်း ဒေစီဖြစ်သွားခြင်းပင်ဖြစ်ပါသည်။
သည်လိုနှင့်သူမ၏ နာမည်အပြည့်အစုံမှာ ကာနေရှင်းဒေစီ ဒေစီကာနေရှင်းပင် ဖြစ်လာတော့သည်။
"ကဲကဲ ငါ့ကိုအကျီရွေးပေး"
"ပြ"
အလှပြင်ပြီးသော မဒေစီသည် လွင့်ရှေ့သို့ ဂါဝန်နှစ်ထည် ယူလာပြသည်။ တစ်ထည်မှာ ရိုးရှင်းသည့် အနီရောင်ဂါဝန်လေးဖြစ်ပြီး ခါးနားတဝိုက်တွင် အဖြူရောင်ဖဲပြားလေးတပ်ထားသည်။ နောက်တစ်ထည်မှာ ရင်အဟိုက်နှင့်ကိုယ်လုံးပေါ် ဂါဝန်အနီရောင် ပင်ဖြစ်သည်။
"ဖဲပြားနဲ့ဟာလည်းမဝတ်နဲ့ ဟိုဘက်ကဟာလဲမဝတ်နဲ့ အဆောင်မှူးဆီက ဆာလာအိပ်စွတ်သွား"
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...