အပိုင်း-၇

2.5K 148 4
                                    

-ချစ် တယ်-

ပိတုန်းရောင်မြရဲ့ ဆံပင်ရှည်တွေက မောင်ရဲ့မြတ်နိုးရာတစ်ခုပဲ။ မြရဲ့ အပြုံး၊ မြရဲ့ ကိုယ်‌သင်းနံ့၊ မြရဲ့ အစိတ်အပိုင်းတိုင်းကို မောင်က မက်မောတယ်။

ဒါသာ လိမ်ညာခြင်းဆိုရင်တော့ မြ ငိုရပါလိမ့်မယ်။

"မြ ဘာလို့ ခေါင်းသေချာမသုတ်တာလဲ"

"မြ ပင်ပန်းလို့"

သပ်ပြင်းချသံ ခပ်တိုးတိုးနဲ့ စကားပြောလာတဲ့ မြကိုကြည့်ပြီး မောင့်ရဲ့ခေါင်းထဲ အတွေးတွေများလာတယ်။ မောင့်ရဲ့ မသိစိတ်က လှုံ့ဆော်နေသလိုမျိုး မြထွက်သွားမှာ စိုးရိမ်လာတယ်။

မောင့်ရဲ့အသိစိတ်မှာ မြကိုမြင်နေရတယ်။
မောင့်ကြောင့် ပင်ပန်းရတယ်ဆိုတဲ့ မြကို မောင် မြင်နေရတယ်။

မောင်..အားနာရပါတယ်။

"ဒါဆိုမြ ခုံမှာခဏထိုင်ပြီး dryerမှုတ်နေလိုက်ပါလား မောင် ကော်ဖီဖျော်ခဲ့ပေးမယ်"

"အင်း"

မြဟာ ခပ်ဆက်ဆက်ပဲ ခေါင်းငြိမ့်ပြီး အိပ်ခန်းထဲ ဝင်သွားတယ်။ တအောင့်ကြာတော့ လေသံထွက်လာတယ်။

ကော်ဖီနှပ်တာ အချိန်ပြည့်သွားတဲ့အခါ ကော်ဖီစက်ကနေ တောက်ကနဲဆိုတဲ့အသံထွက်လာပြီး ဖန်ကရားထဲ ကော်ဖီစက်လေးတွေ ဖြေးဖြေးချင်းကျလာတယ်။

မိုးရာသီနဲ့လိုက်ဖက်စွာပဲ မြရဲ့ကော်ဖီအနံ့လေးက နွေးထွေးစွာနဲ့ စုန်းမီးတောက်နေတယ်။

ဆင်တူခွက်လေးကိုယူပြီး ခွက်ထဲ နို့ဆီနည်းနည်းနဲ့ သကြားညိုလေးထပ်လိုက်ပြီး ကော်ဖီရောလိုက်တယ်။ ခပ်ဆဆမွှေပြီးနောက်မှာခွက်လေးတွေကို အိမ်‌ေရှ့ခန်းထဲ ယူသွားလိုက်တယ်။

မောင့်လက်ထဲက ပန်းရောင်ခွက်လေးတွေကနေ အငွေ့လေးတွေ အပေါ်ကို တက်တက်လာတယ်။ ကော်ဖီခွက်လေးတွေက မြရဲ့ပါးလေးလိုပဲ ပန်းဆီရောင်နုနုလေး။

အတွေးတွေကိုရပ်ပြီး ဖုန်းဖွင့်လိုက်တယ်။ Spotifyကိုသွားပြီး playlistထဲက Lanaရဲ့ yes to heavenသ‌ီချင်းလေးကို repeatလုပ်ပြီးဖွင့်လိုက်တယ်။ ဒီလိုနဲ့သီချင်းတဝက်အကြာမှာ မြရဲ့အခန်းထဲက လေသံရပ်သွားတယ်။

MyaWhere stories live. Discover now