အပိုင်း-၁၇

1.8K 104 2
                                    

-အမည်နာမ-

'မြ မြတဲ့လား'

လွင့်၏ရင်ထဲအမည်မသိသော့ ခံစားချက်လှိုင်းလုံးလေးများ စီးဆင်းသွားသည်။ ပင်လယ်ကျောက်ဆောင်နား မီးပြတိုက်က အလင်းတန်းလေးကို မြင်လိုက်ရတဲ့ သဘော်သားလိုမျိုး။ ပင်ပန်းတဲ့အချိန် ခိုဝင်ချင်တဲ့လူ၏ အမည်နာမလေးတစ်ခုလိုမျိုး မြဆိုတဲ့ ဒီအမျိုးသမီးက လွင့်ရဲ့ရင်ထဲ ဖြေးဖြေးခြင်း နေရာပြန်ယူလာပါတယ်။

ပြတင်းပေါက်နားကတိုးလာတဲ့ လေအေးအေးလေးကြောင့်လားမသိပင်မဲ့ မျက်စိရှေ့ကအမျိုးသမီးကိုကြည့်ပြီး စိတ်သက်သာရာရသလိုခံစားနေရတယ်။

"ဒါဆို အစ်မကိုဘယ်လိုခေါ်ရမလဲ"

"တို့ကိုအဆင်ပြေသလိုပဲခေါ်ပေါ့"

စာအုပ်ကိုဖတ်တာရပ်ပြီး ပြုံးပြုံးလေးဖြေလာတဲ့ အမျိုးသမီးက နတ်သမီးနဲ့တူတယ်။

"အမ်း မြလို့ခေါ်တာကျ ရိုင်းရာကျမယ်"

"ဆိုတော့"

"ဆိုတော့ မသိတော့ဘူး မြလို့ပဲခေါ်တော့မယ်"

"ဒါဆိုတို့လဲ လွင်လို့ပဲခေါ်မှာပေါ့"

လို့ပြောရင်း မြက လွင့်အနားတိုးလာတယ်။ မြရဲ့ရှင်းသန့်နေတဲ့ လည်တိုင်ကလွင့်အနားရောက်လာပြီး အသက်ရှူလိုက်တိုင်း အမွှေးနံ့သင်းသင်းလေးကို ရှူရှိုက်နေရသလို ဖြစ်နေတယ်။ မြရဲ့ဆံပင်တွေကလွင့်ရဲ့လက်ကို ခပ်ဖွဖွလေးထိနေပြီး လွင့်ရဲ့ ဘယ်ဘက်ရင်အုံက အငြိမ်မနေပဲ ခုန်ပေါက်လာတော့တယ်။

"အစ်မဘာလုပ်နေတာလဲ"

"အို ဘာလုပ်လို့လဲ ရေဘူးယူနေတာလေ"

ဆိုပြီး လွင့်ရဲ့ဘေးခုံက ရေဘူးကို လှမ်းယူနေတဲ့အမျိုးသမီး။

'အိုး'

×××

"To die by ur side is
such a heavenly way to die"

ဆေးရုံခန်းထဲမှာ ခပ်ငြိမ်ငြိမ်သီချင်းလေးတစ်ပုဒ်ကို မြကဖွင့်ထားတယ်။ သီချင်းရဲ့အဓိပ္ပာယ်ကို လွင်နားလည်ပင်မဲ့ မြဒါကိုဘာလို့ဖွင့်လဲတော့လွင်မသိဘူး။

'ဘာလို့ဒါကိုဖွင့်နေတာပါလိမ့်'

'ရည်းစားရှိတာလား' ဆိုတဲ့အတွေးပေါင်းသောင်းခြောက်ထောင်က လွင့်ရဲ့ခေါင်းထဲဆက်တိုက်တွေးနေမိစေတယ်။ မြက ဒီသီချင်းကိုပဲ ထပ်ကာထပ်ကာဖွင့်ပြီး ဆိုဖာပေါ်မှာ မှေးနေတယ်လေ။

"Driving in ur car..I never never want to go home-"

မြရဲ့ မှေးနေတဲ့ပုံစံလေးကို ကြည့်ပြီးလွင်နေရခက်လို့ ခုတင်ပေါ်ကနေ ဖြေးဖြေးချင်းဆင်းပြီး ဆေးချိတ်ထားတဲ့ တိုင်လေးကိုတွန်းပြီး မြရဲ့ဘေးနားကို ‌ေဖြး‌ေဖြးချင်းသွားလိုက်တယ်။

မြဘေးနားလွတ်နေတဲ့ နေရာလေးမှာဖြေးဖြေးခြင်းထိုင်ချလိုက်ပြီး မြကိုကြည့်နေမိတယ်။

ခပ်စင်းစင်းလေးဖြစ်နေတဲ့မျက်တောင်ရှည်တွေ၊ နှာတံချွန်လေးနဲ့ နှုတ်ခမ်းဖူးလေးနဲ့မြက လူကောင်သေးတဲ့အမျိုးသမီးဆိုပင်မဲ့ လွင့်ရှေ့ဘာလို့ အေးစက်ပြနေလဲနားမလည်ဘူး။

ပုံမှန်အတိုင်းပဲမြကလွင့်အပေါ်ကောင်းနေပင်မဲ့ မြကအေးစက်ပြီး မာနကြီးတဲ့အမျိုးသမီးတစ်ယောက်ပုံဖမ်းနေတာ လွင့်ရဲ့စိတ်ထဲတမျိုးခံစားရတယ်။

နီးစပ်သလိုနဲ့ ဝေးကွာနေတဲ့ အနေအထားတွေနဲ့  ကျင့်သားရချင်သ‌လိုဖြစ်နေတဲ့အမည်နာမတွေလိုမျိုး မြရဲ့နာမည်လေးက လွင့်ရဲ့စိတ်ထဲစွဲကျန်နေပါတယ်။

လွင် မရဲတရဲနဲ့ မြရဲ့မျက်နှာကိုဖုံး၊ဖုံးနေတဲ့ ဆံပင်ကို‌ ဖွဖွလေးသပ်ပေးလိုက်တယ် ပြီးတော့နစ်နစ်နဲနဲပြုံးမိတယ်။

ဒီအမျိုးသမီးနဲ့မှ ရင်ထဲတမျိုးလေးခံစားရတယ်။ ဆံပင်လေးသပ်ပေးရတာတောင် တစ်လောကလုံးကို ပိုင်လိုက်ရသလိုမျိုး။ ခပ်ငြိမ်ငြိမ်လေး ငေး‌ကြည့်နေရတာတောင် စိတ်အေးချမ်းစေတဲ့ အခိုက်အတန့်လေးက အမ‌ျိုးသမီးတစ်ဦးနဲ့တွေ့မှ ခံစားတတ်လာရသလိုမျိုး။

လွင်ဟာ တကယ်တန်းတော့ မြဆိုတဲ့မိန်းကလေးကိုမသိတော့တာမဟုတ်ဘူး။ ဒီတိုင်းမြကိုမဖွင့်ပြောရသေးတဲ့ ကလေးတစ်ယောက်လိုမျိုး ဧပရယ်လကိုပြန်ရောက်နေတာ။

ဒီအမျိုးသမီးကို လွင်မဖွင့်ပြောရသေးဘူးထင်လို့ ငေးကြည့်နေတဲ့ အခိုက်အတန့်လေးထဲ စီးမြောနေတဲ့ စွန်လေးလိုမျိုး မြဆိုတဲ့ သံသရာထဲ ခဏတာ စီးဝင်ခံစားနေတဲ့ စွန်လေးလို။

----------------------------------------------------------
#TBC

Shung

[BM-The Smiths• there's a light that never goes out]

ပြောရရင် လူကိုတော့မမေ့ဘူး။ သူနဲ့ပတ်သတ်တဲ့ အနာကျင်ရဆုံးအဖြစ်အပျက်တွေကိုမေ့သွားတာပါ။ တစ်ခါတစ်လေ ဆက်ဆံရေးတစ်ခုက ပျော်စရာတွေဆိုလဲ အပျော်ဆုံးအရာတွေက အနာကျင်ရဆုံးမှတ်ဉာဏ်တွေဖြစ်နေတတ်ပါတယ်။

စာရေးသူတစ်ယောက်အနေနဲ့ပြောရရင် အတိတ်ကိုမေ့ဖျက်လိုက်တာက လွင့်အတွက် အကောင်းဆုံးလမ်းခွဲခြင်းလို့ယူလိုက်တာပါ။ မြအတွက်တော့မတရားပင်မဲ့ ဒါဟာ မြအတွက် ခံစားချက်တွေကိုနားလည်လာနိုင်မဲ့အခွင့်အရေးပါပဲ။ ကျေးဇူးပါ။

MyaWhere stories live. Discover now