အပိုင်း-၂၂

1.8K 121 4
                                    

- မြတ်နိုးရာ-

"We keep this love in a photograph.. we made these memories for ourselves-"

မြသည် သိပ်ကိုသဘောကျစရာ ကောင်းသော အမျိုးသမီးပင် ဖြစ်ပါသည်။ ယခုလို မပြင်မဆင်ဖြစ်နေ‌ပါသော်လည်း ကြည်လင်နေသော မျက်နှာလေး၊ သွယ်သွယ်လေးဖြစ်နေသော လက်ချောင်းကလေးများနှင့် နေရောင်ခြည်တွေ ခိုနားနေသော မြ၏ဆံနွယ်တွေနှင့် မြဟာ သက်ရှိစုန်းမလေးတစ်ဦးပင်ဖြစ်ပါသည်။

"အစ်မကို မြလို့ခေါ်လို့ရလား"

"မြပြောထားပြီးပြီပဲ အဆင်ပြေသလို ခေါ်ပါဆိုနေ"

"ဟုတ်ပါပြီ အစ်မမြ"

"ဟင် အရှေ့က အစ်မကဘာကြီးလဲ"

"အစ်မ‌မို့လို့လေ"

"အိုရှင် ကျွန်မအသက်ဘယ်လောက်လဲ ရှင်သိလို့လား ကလေးမရဲ့"

"၂၄,၂၅နီးပါးထင်တာပဲ ရီ့သူငယ်ချင်းဆိုတော့"

"မှားသွားပြီ မြအသက်က -"

ပြုံးပြုံးကလေးနှင့် ပြောလက်စ စကားအားရပ်လိုက်သော မြကြောင့် လွင်ပါ သံယောင်လိုက်မေးမိသည်။

"မြအသက်က?"

ထို့နောက် ကြားလိုက်ရသော စကားသံကြောင့် လွင့်၏ ဘက်ဘက်ရင်အုံဟာ ပြန်လှုပ်ရှားလာပြန်သည်။

"မြရဲ့ အသက်က ကလေးမလေ"

×××

"မြ ဒီအသီးလေးစားချင်လို့"

"မြ ရေသောက်ချင်လို့"

"မြ..."

ဟူသော‌ခေါ်ပြီးနောက်တွင် မြရဲ့ မျက်စောင်းကလေး လွင့်ရဲ့ နှလုံးသားပေါ်တည့်တည့်ကလေး စိုက်သွားပြန်သည်။

"တမြမြနဲ့ လွင်ရယ် ခေါ်ရတာမမောဘူးလား"

"အမ်း နာမည်ခေါ်ရတာ နေရထိုင်ရကောင်းလို့ပါ"

"ဟော ဖြစ်ရအုံးမယ်"

တကယ်ကို 'မြရေ မြ'လို့ခေါ်ရတာ အရမ်းကျေနပ်စရာကောင်းနေတာကြီး။

"မြ ရေသွားချိုးအုံးမယ် လွင်အဆင်ပြေရင်"

"အော် အင်းရတယ်"

"မြ ရီ့ကိုလှမ်းခေါ်ထားတယ်နော် ခဏနေရင်သူရောက်လိမ့်မယ်"

"ဟုတ်ပြီ"

MyaWhere stories live. Discover now