အပိုင်း-၂၆

1.9K 124 2
                                        

-တူး‌ေဖာ်ခြင်း-

"အေး အေးပါ ငါအခန်းထဲ ခဏဝင်အုံးမယ် ဆက်တီးနှင့်"

လွင့်၏အခန်းဖော်သည် ကုတ်ကုတ်ကလေး အခန်းထဲပြန်ဝင်သွားသည်။

"ဟင်း မြကိုတွေ့ချင်လိုက်တာ"

လွင်သည် လက်ထဲကဂစ်တာလေးကိုချပြီး အဆောင်တဝိုက် မျက်စိကစားရင်း ခြံဝန်းတံခါးပိတ်နေသော ကျောပြင်အားစိတ်ဝင်တစားဖြစ်သွားသည်။

အနီရောင်မြန်မာဝတ်စုံကို ဝတ်ထားသော အမျိုးသမီးအား လွင့်၏ရင်ထ‌ဲတွင် အတော်ကို ရင်းနှီးနေသည်။ ထို့ကြောင့် ပြန်လှည့်လာမည့်အချိန်ကို စောင့်ရင်း သေချာစူးစိုက်ကြည့်နေလိုက်သည်။

"ဟင် မြ...မြ..မြ"

လွင်တစ်ယောက် မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး မြနာမည်အား အကျယ်ကြီးအော်ခေါ်ကာ မြရှိရာသို့ ပြေးလာလေသည်။ သည်လိုနှင့်မြအနားရောက်ကာနီးမှ လမ်းကခဲတုံးကို ဝင်တိုက်မိပြီး ပစ်လဲသွားလေသည်။

"အို မောင်ရယ် ရရဲ့လား ထထ"

"ဟီး မြဘယ်လိုလုပ်ရောက်လာတာလဲ ရုတ်တရပ်ဆိုတော့ အသေပျော်သွားတာ"

"အို အသေတော့မပျော်ပါနဲ့ မြရင်ကျိုးရမယ်"

မြသည် လွင့်အားထူကာ ဖုန်တွေခါပေးရင်း ခပ်ဖွဖွလေးပြောလာသည်။ ထိုစဉ် လွင်တစ်‌ေယာက် လူအလစ်တွင် လှစ်ကနဲပေါ်လာသော မြ၏ပါးပြင်လေးအား ခပ်မြန်မြန်မွှေးကြူလိုက်သည်။

ဆောင်းရာသီ၏ မနက်ခင်းလေးတွင် မရိုးနိုင်သော မြ၏စံပယ်ပန်းအနံ့ကလေးသည် လွင့်၏နှာသီဖျားတဝိုက် ဝေ့ဝဲနေခဲ့ပါသည်။

×××

ဆေးရုံခန်းထဲတွင် လူနှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငေးမောနေကြသည်။

အချိန်အားဖြင့် ည၇နာရီကျော်။

မြသည် လွင့်အားအကြည့်လွှဲကာ နာရီကိုကြည့်ရင်းသပ်ပြင်းချလိုက်သည်။ ယခုအချိန်သည် မြနှင့်မောင်ရန်ဖြစ်ခဲ့သောအချိန်ပင်ဖြစ်ပါသည်။

တိတ်ဆိတ်နေသော အခန်းလေးထဲ လွင့်၏စကားသံထွက်လာသည်။

"မြလို့ခေါ်ခဲ့တာပေါ့နော် လွင်ကမြရဲ့-"

MyaWhere stories live. Discover now