အပိုင်း-၁၂

2K 97 2
                                    

-ရူးသွပ်ခြင်း-

"ကိုမင်းအောင်ဗျ.."

"ကိုမင်းအောင်ဗျ အိမ်ပြန်သင့်ပါပြီ"

ကုမ္ပဏီတစ်ခု၏ ထပ်ခိုးထပ်တွင် လူနှစ်ယောက်ရှိနေသည်။ လက်ရန်းတွေအနားက ခုံတန်းလေးတွင် ကိုမင်း‌ေအာင်ဆိုသူ ကုမ္ပဏီပိုင်ရှင် ငုတ်တုတ်ထိုင်နေသည်။ ထိုသူ၏ဘေးတွင် သူ၏လက်ထောက်အတွင်းရေးမှူး ကိုခန့်ရှိသည်။

ကိုခန့်သည် ကိုမင်းအောင်အား တိတ်တိတ်လေးအကဲခတ်ကာ အိမ်ပြန်ရန် စကားစလိုက်သည်။

ဟုတ်သည်လေ။ နာရီကြည့်တော့ ည၉နာရီခန့်။ သူ၏သူဘောစ့်သည် ယခုထိဘာမှမစားသေး။ ဘောစ့်၏မျက်နှာသည် ယခင်လများကထပ်အတော်ချောင်ကျနေသည်။ တည်ကြည်သည့် ပုံရိပ်ဟာ မြောင်းထဲရောက်သွားသယောင်ယောင်ပင်။

"ကိုမင်းအောင်ခင်ဗျာ အိမ်ပြန်သင့်ပါပြီ"

ကိုခန့်သည် သူ၏ဘောစ့်နား မတ်တပ်ရပ်ကာ အိမ်ပြန်သင့်ကြောင်းပြောနေသည်။ သို့သော် သူ၏ဘောစ့်သည် ကြားဟန်မထင်ပါ။

"ကိုခန့် ဂစ်တာသွားယူခဲ့"

သူ၏ဘောစ့်သည် ယခုမှစကားပြန်လာသည်။ ထို့နောက်ဂစ်တာသွားယူခိုင်းသဖြစ်အပြေးလေးသွားယူရပြန်ပါသည်။

×××

"သူဟာ ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ဘယ်လိုလုပ်မှ ဖျောက်မရနိုင်ပါလား"

ဘောစ့်၏ခပ်တိုးတိုးသီချင်းသံနှင့် ဂစ်တာတီးသံသည် ထပ်ခိုးတွင်ပျံ့နှံ့နေသည်။

ကျွန်တော်၏ဘောစ့်သည် မိန်းကလေးတစ်ဦးကို နှစ်အတော်ကြာ ချစ်ခဲ့သူပင်ဖြစ်သည်။ ထိုမိန်းကလေး တက္ကသိုလ်မတက်ခင်ကတည်းက ချစ်ခဲ့သော အချစ်ရူးတစ်ကောင်ပင်ဖြစ်သည်။

ယခုလဲ စိတ်ထဲကမပါသောစကားများဖြင့် ချစ်ရသူအား ပက်ပက်စက်စက်ပြောထားတဲ့ ဂေါက်သီးကောင်ပင်ဖြစ်သည်။

"အရူးကောင်ကြီး"

"..ဟမ် ငါကြားတယ်နော် ကိုခန့်"

ကိုမင်းအောင်ဆိုသည့်ကျွန်တော်၏ဘောစ့်ဟာ အတော်ကိုရည်မွန်သည့် လူတစ်ဦးဖြစ်သော်လည်း သူသည် ပါးစပ်ကို အထိန်းမထားသောသူဖြစ်သည်။

MyaWhere stories live. Discover now