-ချစ်ခြင်း မေတ္တာ-
မြသည် မောင့်၏လက်မောင်းလေးအား တွဲလိုက်သည်။ ထို့နောက် မောင့်နားအနားကပ်ကာ
"လွင် လေစိမ်းတိုက်ခံရမယ်လေ လူနာကအပြင်မထွက်ရဘူးလေ"
"အာ...အစ်မတစ်ခုခုဖြစ်နေတယ်ထင်လို့ပါ"
နားထဲခပ်တိုးတိုးရောက်လာတဲ့ ဘေးကအမျိုးသမီးရဲ့လေသံကြောင့် လွင့်ရဲ့စိတ်တွေဟာ ကွင်းပြင်ထဲ စားကျက်လွှတ်ထားလိုက်သလိုမျိုး ခံစားနေရသလိုလို။ ဒါမှမဟုတ် အနီးစပ်ဆုံးပြောရရင်လည်း အရမ်းစားချင်နေခဲ့တဲ့ မုန့်ကိုစားလိုက်ရလိုလိုမျိုး။
"ဟိုဟာ အစ်မ ဟိုဘက်လေးနည်းနည်းတိုးပါလား"
"ဟင် ဘာလို့လဲ"
လွင်တို့အခန်းထဲပြန်ဝင်ရန် လျှောက်လမ်းတွင် မြနှင့်အတူ နီးကပ်စွာလမ်းလျှောက်နေရတယ်။ တနည်းပြောရလျှင် လွင့်ရဲ့လက်မောင်းအနားကပ်ကပ်လာတဲ့ မြရဲ့ပိုင်ရာဆိုင်ရာသည် သိပ်တော့မသေး။
"ဟိုဟာ လွင် ပူလို့"
"ဟင်"
"ရက်စ် ရောက်ပြီ"
လွင်သည် အခန်းတံခါးအား ပြန်တွေ့လိုက်သည်နှင့် ထိုတံခါးအားဆွဲဖွင့်ကာ မြစ၏လက်အားဖယ်လိုက်သည်။ ထို့နောက် ခပ်မြန်မြန်လမ်းလျှောက်ရင်း ကုတင်နားအရောက်သွားလိုက်သည်။ တံခါးပေါက်တွင်တော့ မြဟာ နီရဲပြီးတောင့်တောင့်ကြီး ရပ်လျှက်။
×××
"အစ်မ ဒီနားခဏလာထိုင်ပါလား"
လမ်းအဆက်မပြတ်လျှောက်နေသော မြအား လွင်တို့ေဘးကနေရာအား ပုတ်ပြကာလာထိုင်ခိုင်းလိုက်သည်။
"ခုနကလေ ဘာလို့ငိုနေတာလဲ"
"မဟုတ်ပါဘူး တို့မငိုပါဘူး'
"မဟုတ်သေးပါဘူး ကဲကဲ အစ်မလက်ဖြန့်"
"ဟင်"
မြ၏လက်ထဲသို့ သကြားလုံးလေးတစ်လုံးရောက်လာသည်။ ထို့အတူ လွင်သည် မြ၏ဆံပင်အားသပ်တင်ကာ လွင့်၏လက်တို့သည် မြ၏မျက်နှာအား ခပ်ဖွဖွထိကပ်လာသည်။
မြသည် သပ်ပြင်းခိုးချမိပါသည်။ မောင့်အား မည်သည့်စိတ်နှင့်တွန်းထုတ်ခဲ့မိပါသနည်း။
YOU ARE READING
Mya
Lãng mạnမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...