အပိုင်း-၂၈

1.7K 99 2
                                    

-အိုအေစစ်-

အချိန်အားဖြင့် ည၉နာရီကျော်။

မိုးရွာထားသဖြင့် ဆေးရုံတဝိုက် ရေအိုင်ကလေးများဖြစ်ပေါ်နေသည်။ မြသည် လေဝင်စေရန် ပြတင်းပေါက်လေးအား အနည်းငယ်ဟထားလိုက်သည်။ ပြတင်းပေါက်မှတဆင့် အခန်းလေးထဲ ဖြတ်ဝင်လာသော လေနုအေးသည့် အေးစိမ့်စိမ့်ရှိလှပေသည်။

မြသည် မောင်ရှိရာကုတင်လေးအနားသွားပြီး စောင်ကိုသေချာထပ်ခြုံပေးလိုက်သည်။ အားဆေးလဲ တဖြေးဖြေးနဲ့ တဝက်ကျိုးသွားပြီဖြစ်သည်။ သည်လိုနှင့် သတိထားပြီးမောင့်၏လက်လေးအား စောင်ပေါ်တင်တုံး သွေးစလေးများကို တွေ့လိုက်ရသည်။

'နာနေမှာပဲ'

မြသည် လက်လေးအားကြည့်ကာ သပ်ပြင်းချမိသည်။ ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကလေးအား သဘောတကျပြန်ကြည့်ပြီး မြလည်း‌ လွင့်အနား ခဏတာ ခေါင်းချလိုက်သည်။

×××

"မမမြ ပန်းလေးတွေကို သဘောကျလားဟင်"

"ရုတ်တရပ် ဘာတွေထမေး"

မြနှင့်လွင်တို့သည် ရန်ကုန်မြို့လည်ကဆူးလေဘုရားထဲ ရောက်နေသည်။

ဘုရားကပ်ရန် မြ၏လက်ထဲတွင် နှင်းဆီပန်းနီနီကလေးများကို စက္ကူလေးနှင့်ပတ်ထားသော ပန်းစည်းလေးဟာအသင့်။ လွင်သည် ဘုရားရောက်တုံး ဘေးကအမျိုးသမီးကိုကြူးနေခြင်းမဟုတ်သော်လည်း ယနေ့မှမြသည် အတော်ကိုကြည့်ကောင်းနေပါသည်။

မိုးပြာရောင်မြန်မာဝတ်စုံလေးနှင့် မြသည် ဆံပင်ရှည်များကို တဝက်သာစည်းထားသောကြောင့်ထင်ပါသည်။

"ဟိတ် မကြားဘူးလား လူကြီးမေးတာ"

"အာ ဘာမှမဟုတ်ပါဘူး ဘုရားအရင်ရှိခိုးကြတာပေါ့"

သည်လိုနှင့် မြတို့ အတူဘုရားရှိခိုး၊ မေတ္တာပို့ကာ ဘုရားတရားလုပ်ပြီးမှ ဆူးလေဘုရားထဲမှပြန်ထွက်လာခဲ့လိုက်ကြသည်။

သို့သော် ဘုရားရှိခိုးပြီးချိန်တွင်မြတစ်ယောက် အငြိမ်မနေရတော့ပါ။ ဘေးနားက ကလေးမသည် မေးခွန်းပေါင်းစုံမေးနေသောကြောင့်ပင်ဖြစ်ပါသည်။

MyaWhere stories live. Discover now